unicode
မကြည်လင်သည့်စိတ်ကြောင့် Taehyung ဆိုင်သို့မသွားဘဲ အကြောင်းမျိုးမျိုးပြကာ အိပ်ခန်းထဲ၌ခွေနေမိသည်။ ရင်ထဲ၌လဲ တနုပ်နုပ်နှင့်ခံစားရခက်သည်။ မနေ့ကအကြောင်းပြန်တွေးမိလိုက်ရင် ပူတက်လာသည့်ရင်လှိုင်းဟာ... ဘယ်အရာဆိုသည့်အဖြေပေးဖို့ကိုခက်ပါသည်။ အသဲကွဲနေသည်ဟု ခေါင်းစဥ်တပ်ဖို့ရာကလဲ Jungkookနှင့်မိမိဟာ ဘာမှသက်ဆိုင်သေးသည်မဟုတ်သလို.. တကယ်ဆိုတစ်ဖက်တည်းအတွေးနှင့်သာ မိမိစိတ်ဒုက္ခအားလဲ မိမိကိုယ်တိုင်ပေးပြစ်မိလိုက်သေးသည်။..
"Jeon Jungkook လူယုတ်မာကောင်"
Taehyung ထိုစကားအားရေရွတ်နေမိသည်က အကြိမ်ပေါင်းမရည်တွက်နိုင်တော့ ။ ထိုကဲ့သို့ရေရွတ်နေပြန်သော်လဲ တကယ်တမ်းJungkook ဟာမိမိအပေါ်ယုတ်မာထားသည်က ရှိမနေသည်မို့ထယ်ယောင်းနှစ်ဆပိုစိတ်ညစ်လာရသည်။.."ဘေးမှာ လူအသစ်ရောက်လာတော့ငါ့ကိုတောင်ဂရုမစိုက်နိုင်တော့ဘူးပေါ့ဟုတ်လား ဖုန်းလေးတောင်ဆက်ဖို့မအားတော့ဘူးပေါ့ အရမ်းတွေဖြစ်ပျက်ပြနေလိုက်တာ"
အကြောင်းမဲ့စွာ ဖက်လုံးလေးအား ထုရိုက်နေမိသလို မနေ့ညက ရှောင်ထွက်ရမည့်အစား ထိုနေရာ၌ရှိနေသည်ကကောင်းသေးသည်ဟု Taehyung တွေးမိလိုက်သည်။.."တကယ်ပါဘဲ Jungkook နဲ့ငါကဘာမှလဲမဟုတ်ဘဲနဲ့ဟာ ဘာကိစ္စနဲ့ငါက ရှောင်ထွက်လာရတာလဲရူးလိုက်တာ.."
ကိုယ့်ကိုယ်ကို မချိတင်ကဲရေရွတ်လိုက်ပြီးသည့်နောက် Taehyung ကုတင်ပေါ်မှဆင်းလိုက်၏။ နွေလယ်ရောက်နေပြီမို့ရာသီဥတုဟာ တော်တော်လေးပူ၏။.."ချီးဘဲ..ရင်ခုန်နေပြီဆိုမှ"
Taehyung အချစ်ရေးကိစ္စနှင့်ပတ်သက်ပြီး အများကြီးမတွေးခဲ့ဖူးပါ။ ကိုယ့်လက်တွဲဖော်ဟာ ဘယ်လိုစံနှုန်းရှိရမည်ဟူသည်လဲမတွေးခဲ့ဖူးသလို ဘယ်လိုဘယ်ပုံဟူ၍လဲကန့်သတ်မထား။ ရင်ခုန်မှုသည်က အချစ်၏အစဟုခေါင်းစဥ်တပ်လျှင် သူJungkookအားချစ်မိနေခဲ့သည်ကကြာပြီဖြစ်၏။ ထိုအကြောင်းဟာလဲ Taehyung တစ်ယောက်တည်းသာသိသည့်လျို့ဝှက်ချက်လေး။.."ငါ့ကိုအပျော်သဘောနဲ့ စိတ်ကစားယုံကြံရင်မင်းကိုအရေခွံဆုတ်ပြစ်မယ် Jungkook"
ရေချိုးအခန်းတို့ဝင်ရောက်လာသည်အထိ Taehyung နှုတ်ဖျားမှ မကျေမနပ်ပြောဆိုသံလေးဟာမပြီးနိုင်မစီးနိုင်ပင်။.. ညစ်နေသည့်စိတ်အားရေချိူးခြင်းဖြင့်ဖြေဖျောက်မည်ဖြစ်ပြီး နွေပူပူ မှာရင်ပူနေသမျှလဲ ရေနှင့်အတူလွင့်ပါသွားကောင်းပါရဲ့။..