unicode
သုံးရက်ခန့်ကြာသည့်နောက် Taehyung အမေပြန်ရောက်လာခဲ့သည်မို့ Taehyung ဟာ လက်ရှိအချိန်၌ကုန်တိုက်တွင်ဖြစ်သည်။ အဖျားဟာလဲ သက်သာစပြုနေပြီမို့ ယနေ့ဆိုင်ကလေးအားဖွင့်ထား၏။..
ညနေပိုင်းစျေးဝယ်ပါးသည်မို့ သီချင်းလေးနားထောင်လျှက် Taehyung တစ်ယောက်ထဲ ဟိုဟိုဒီဒီဖြင့် ပစ္စည်းတို့အားအနဲငယ်ရွေ့နေမိသည်။..
"Taehyung... "
အလုပ်၌အာရုံရောက်နေသည်မို့ အနားသို့လူရောက်လာသည်ကိုမသိလိုက်ပါဘဲ အသံကြားသည့်အခါဆက်ခနဲတွန့်သွားရ၏။..
"ဟီး..လန့်သွားတာလား sorry နော် ငါ့အသံနဲနဲကျယ်သွားတယ်ထင်တယ်"
မိမိရှေ့၌ အလှဆုံးပြုံးလျှက် မိမိအားနှုတ်တက်လာသည့် ဂန်ဂျီအွန်း။
ရုတ်တရက်မို့Taehyung အံ့ဩမိသည် သူမနေထိုင်သည့်နေရာဟာ Taehyung တို့နှင့်ဝေးသည့်အထဲ၌ပါသော်လဲ မည်သို့မည်ပုံရောက်လာသည်ကိုမတွေးတတ်။.."ဒယ်ဒီ ကဒီဖက်မှာအလုပ်ရှိတယ်ဆိုလို့ အဲ့တာ Taehyung တို့ဆိုင်ဒီနားလေးမှာဘဲရှိတယ်ဆိုလို့ဝင်လာတာ"
"အာ.."
မိမိအတွေးအား ရိပ်မိပုံပေါ်သည့် ဂျီအွန်းထံမှအဖြေစကားကြောင့် Taehyung နားလည်သဘောပေါက်သွားရ၏။...
"အဖေဆုံးသွားတယ်လို့ကြားတယ် အများကြီးစိတ်မကောင်းဖြစ်နေမှာပေါ့.."
ဂရုနာသက်စွာ ပြောလာသည့် ဂန်ဂျီအွန်း၏မျက်နှာ၌ စိတ်မကောင်းဖြစ်နေကြောင်းအထင်းသားမြင်နေရသည်။ ဖြူဖြူသေးသေးနှင့် ဂန်ဂျီအွန်းဟာ ချစ်စရာကောင်းသည့်အထဲ၌ပါတယ်။ စိတ်ထားဖြူစင်သည်ကိုလဲ Taehyung သိပါသည်။..
"အများကြီးစိတ်အားငယ်ခဲ့ပေမဲ့ ခုတော့အဆင်ပြေစပြုနေပါပြီ"
"အများကြီးပင်ပန်းခဲ့မှာဘဲ ဒါပေမဲ့တစ်ခုခုဆို ဂျီအွန်းကိုပြောလို့ရတယ်သိလား.."
သွက်လက်သည့်သူမဟာ မိမိလက်တစ်ဖက်အား ဆုပ်ကိုင်ပြောလာသည့်အခါ Taehyung ရုတ်တရက်မို့လန့်သွားရပေမဲ့ အတတ်နိုင်ဆုံးပြုံးပြခေါင်းငြိမ့်လိုက်သည့်အခါ ဆုပ်ကိုင်ထားသည့်လက်ကလေးများပြေလျော့သွားခဲသည်။..