14🍁

770 56 1
                                    

unicode

Jungkook မှာ Taehyung အလိုကျLA သို့ထွက်လာခဲ့ပြီးသည့်နောက် Taehyung ဘက်မှ ဆက်သွယ်လာသည့်mail များနှင့် စာတိုများအား ခြောက်လတိတိလက်ခံရရှိခဲ့သည်။..
Taehyung အား စိတ်နာသည်မျိုးမဟုတ်ပါဘဲ စိတ်ဆိုးခြင်းလောက်သာ။
ထိုကာလအတွင်း Jungkook မိမိဖက်မှ Taehyung အားလုံးဝဆက်သွယ်ခဲ့ခြင်းမရှိပါလဲ လျစ်လျူရှုခဲ့သည်။ထိုအရာဟာလဲ Taehyung အားစိတ်ဆိုးသည်မို့ မိမိခံစားရသည်များအား Taehyung စာနာတတ်စေရန်သာ။ တကယ်ဆိုလျှင် Taehyung မှာမိမိအားမပြတ်နိုင်သလို မိမိသည်လဲ Taehyung အား ဘယ်သောအခါလက်လွှတ်မည့်လူစားမျိုးဟုတ်မနေခဲ့။..

သို့သော် ကုန်လွန်သွားသည့်ခြောက်လကျော်ကာလနောက်ပိုင်းတွင် Taehyung ဘက်ဆီမှ ဘာအဆက်သွယ်မှရမလာခဲ့သည်မို့ Jungkook မှာ Jimin ထံသို့ Taehyung သတင်းအားစုံစမ်းသည့်အခါ Taehyung မှာမိခင်ဖြစ်သူနှင့်နယ်ပြန်သွားသည်ဟူအကြောင်းပြချက်မှလွှဲ၍ ဘာသတင်းမှရေရေရာရာမသိခဲ့ရသည်မို့ Jungkook စိုးရိမ်စိတ်ကလေးဝင်လာခဲ့ရသည်။..

မိဘနှစ်ပါးထံသို့ ထပ်မံတီးခေါက်ကြည့်မိသည့်အခါ Taehyung ဟာ မိခင်ဖြစ်သူနှင့်အတူ မိမိတို့နေထိုင်ရာမြို့လေးအားထွက်ခွာ၍ ဒယ်ဂူသို့ပြောင်းသွားကြောင်းသိရ၏။

"Jungkook ငါ ကျောင်းတစ်နှစ်နားထားရတယ်"

"ငါလေ မင်းကိုသိပ်လွမ်းတာဘဲ Jungkook "

"Jungkook ငါတောင်းပန်ပါတယ် အဲ့နေ့ကစကားတွေအတွက်"

"မင်းဆေးကျောင်းတက်တယ် လို့သိရတော့ငါသိပ်ဝမ်းသာတာဘဲ ငါမင်းကိုဆရာဝန်တစ်ယောက်အနေနဲ့တကယ်မြင်ချင်တာJungkook"

"Jungkook ငါတို့သုံးယောက်အမြဲသွားဖြစ်တဲ့ နေကြာစိုက်ခင်းတွေဖက်ရောက်ဖြစ်တယ်"

စသဖြင့် Taehyung ပို့ခဲ့သည့် စာတိုများအား ပြန်လည်ဖတ်မိရင်း Jungkook မှာရူးမလိုခံစားခဲ့ရသည်။တကယ်တမ်း Jungkook ဖြစ်စေချင်ခဲ့သည်မှာ မိမိပြန်လာမည့်အချိန်လေးတွင် ထိုလူသားဟာထိုနေရာလေးတွင်စောင့်နေချင်ခဲ့ရုံလေးပါ။
ဝေဒနါများအား အစပျိုးခဲ့သည်က ထိုအချိန်၌ဖြစ်ခဲ့သလို ထိုလူသားလေးဆီမှ နှစ်အတော်ကြာသည်အထိ အဆက်သွယ်မရခဲ့သလို Jungkook ဘဝတွင်အကြီးမှားဆုံးနောင်တဟာ Taehyung အား စိတ်ဆိုးမိခဲ့သည့်မိမိ၏ မကောင်းသည့်အကျင့်စရိုက်လေးကိုသာအပြစ်တင်မိတော့သည်။..

Memories Of Spring (Completed)Donde viven las historias. Descúbrelo ahora