unicode
တစ်ယောက်တည်းဖြတ်သန်းခဲ့ရသည့်ညများ ကုန်လွန်သွားသည့်အခါ ယခုလက်ရှိတွင်မိမိဘေး၌ Taehyung ရောက်လာခဲ့ချေပြီ။..
အလုပ်သို့ရောက်ချလာသည့်Jungkook မှာTaehyung အလုပ်ဆင်းချိန်ထိ စောင့်နေသလို ။ အိမ်ပြန်ချိန်တော့လဲ Taehyung အနားတွင် တောက်တဲ့လေးလိုကပ်ပါလာသေးသည်။..
"Jungkook မင်းတကယ်အိမ်မပြန်တော့ဘူးလား"
"အွင်း..ကိုယ့်ချစ်သူအိမ်ကို အလည်အပတ်သဘောမျိုးရောက်လာတာလေ ဘာလဲမင်းကမခေါ်ချင်လို့လား ယောင်း.."
"ဟင့်အင်း"
Taehyung ခေါင်းကလေးခါသည့်အခါ Jungkook မှာမိမိရှေ့မှ ထိုလူသားလေးအားကြည့်လျှက် နှာခေါင်းလေးရှုံကာပြုံးမိသည်က အသဲယားလွန်းလို့။.."ငါ့အိမ်က မင်းအတွက်နေရတာအဆင်မပြေဖြစ်မှာတော့ဆိုးတယ်"
Taehyung ဆိုလာသည့်စကားလေးကြောင့် Jungkook တိုက်ခန်းလေးအား ေဝ့ဝဲကာကြည့်မိသည်။..
မိမိထိုင်နေသည့်နေရာမှာ ဧည့်ခန်းဖြစ်ပြီး အိပ်ခန်းနှစ်ခန်းအားတွေ့သည်။ တစ်ခန်းဟာ Taehyung အခန်းဖြစ်ပြီး နောက်တစ်ခန်းဟာ Taehyung မေမေအခန်းဖြစ်လိမ့်မည်။ Kitchen room လေးလဲရှိသလို အတော်ကျဥ်းသည့်ထိုတိုက်ခန်းလေး၌ အရာအားလုံးဟာ သပ်သပ်ရပ်ရပ်ရှိလှသည်။.."Jungkook အဆင်မပြေဘူးမလားဟင် ငါပြောသားဘဲ လာထ အပြင်မှာတစ်ခုခုသွားစားရအောင်"
တိုက်ခန်းလေးအတွင်းစူးစမ်းကာကြည့်နေသည့် Jungkook အား Taehyung အားတုံ့အားနာဖြစ်နေမိသည့်ကြောင့်ပြောသည့်အခါ Jungkook မှာ မိမိလက်ကောက်ဝတ်လေးမှ ဆွဲယူလျှက် ပေါင်ပေါ်သို့ထိုင်စေ၏။.."ငါဘယ်နားမှာ အဆင်မပြေဘူးလို့ပြောမိလို့လဲTaehyung ရယ်"
ွနီးကပ်လွန်းသည့်အနေအထားကြောင့် Jungkook နှုတ်ဖျားမှ လေငွေ့လေးဟာ Taehyung ပါးပြင်လေးသို့ရိုက်ခတ်လာသည့်အခါ Taehyung ပါးပြင်ကလေးဟာအရောင်လေးရင့်လာရသည်။ ထိုအရာအား သတိထားမိသည့်Jungkook မှာမပြုံးဘဲမနေနိုင်။.."အရင်ကလိုဘဲ ဘာမှမပြောင်းလဲသေးဘူး..သိပ်ရှက်တတ်တုန်းဘဲမင်းက"
ထပ်မံထိုမျက်နှာလှလှလေးထံသို့တိုးကပ်စွာပြောမိသည့်အခါ Taehyung မှာ မျက်နှာလေးလွှဲ၏။။
Jungkook မှာလွှဲဖယ်သွားသည့်မျက်နှာလေးအား လက်ညိုးလေးဖြင့်ဆွဲယူလျှက်မျက်နှာချင်းဆိုင်စေ၏။..
နာဖူးလေးထက်အရှင်းမပျောက်သေးသည့် ဒဏ်ရာလေးအား ခပ်ဖွဖွတို့ထိပြန်သည်။