Part 1

641 39 4
                                    

တင်းတောင်း တင်းတောင် တင်းတောင် ~

အချိန်သည်ကား ည ကိုးနာရီထိုးလုနီးပါးပင်ဖြစ်သည်။

"ဒီအခ‌ျိန်ကြီး ဘယ်သူပါလိမ့်.. တကတည်း"

ဆက်တိုက်မြည်နေသော လူခေါ်ဘဲလ်ကြောင့် သူမ စိတ်မရှည်သည့်ဟန်ဖြင့် ရေရွတ်လိုက်မိသည်။ ထို့နောက် ညစာစားမည့်အစီအစဉ်သည် ပျောက်ပျက်သွားကာ တံခါးမကြီး‌ဆီသို့ အပြေးအလွှားဖြင့်..

ဂျောက် ~

"ဟဲ့ လာမှာပေါ့.. ဘာကိစ္စ ဘဲလ်ကို အတင်းတွေတီးနေရတာလဲ"

တံခါးဖွင့်ကြည့်လိုက်သောအခါ မြင်လိုက်ရသည်မှာ သူငယ်ချင်းဖြစ်သူဖြစ်နေသဖြင့် ရင်ထဲမှ အပူလုံးကြီးကျဆင်းသွားကာ တစ်ချိန်တည်းမှာဘဲ သူငယ်ချင်းဖြစ်သူအား ခပ်ဆတ်ဆတ်လေးပြန်ပြောလိုက်မိသည်။ ထို့နောက် ကျယ်လောင်သော အသံဟာ ထွက်ပေါ်လာတော့သည်။

"ဟင့် သူငယ်ချင်း"

သူမအားဖက်ကာ ယိုင်နဲ့နဲ့ဖြင့် ရှိုက်ကြီးတစ်ငင်ငိုနေသော သူငယ်ချင်းဖြစ်သူကြောင့် သူမပင် ပြောစရာစကားပျောက်ရှသွားရတော့သည်။

"ဟယ် ဘာဖြစ်လာတာတုန်း လာ အထဲ၀င်ခဲ့"

အထဲသို့ တွဲခေါ်သွားကာ သူမအခန်းထဲမှ ကုတင်ပေါ်၌ထိုင်စေသည်။

"အီးဟီးး"

"ကဲ မငိုနဲ့တော့"

"ဟင့် အင့်"

"ကဲ နားညည်းလာပြီနော်.. Love Pattranite Limpatiyakorn မငိုပါနဲ့တော့ဆို။ အမလေး‌ မောလိုက်တာ၊ ရှည်လိုက်တဲ့ နာမည်"

ထုံးစံတိုင်းပင်။ ရည်းစားနှင့်စကားများကာ မိမိဆီလာငိုနေသော သူငယ်ချင်းအား နာမည်အပြည့်အစုံခေါ်၍ လေသံမာမာဖြင့် အော်လိုက်ခြင်းသာဖြစ်သည်။အော်သံကြားလိုက်သည်နှင့် ရှိုက်ကြီးတစ်ငင်ငို‌နေရာမှ သိမ့်ခနဲတုန်တက်သွားသော ခန္ဓာကိုယ်သေးသေးလေး။

"အဟင့် ဘာလို့အော်တာလဲ.. ကိုယ့်သူငယ်ချင်းတစ်ယောက်လုံး ၀မ်းနည်းလွန်းလို့ ငိုနေရတာကို နှစ်သိမ့်ပေးမယ်မရှိဘူး"

ကုတင်ပေါ်တွင်ထိုင်လျှက် ငိုနေသည့် အနေအထားမှ ‌မတ်တပ်ရပ်နေသည့်သူမအား ဆတ်ခနဲမော့ကြည့်လာ၍ မျက်နှာလေးရှုံ့ကာ ငိုသံပါပါဖြင့် ပြောလာသော စကားများကြောင့် ဂျွန် သံပြင်းတစ်ချက်ချလိုက်မိသည်။

𝐓𝐡𝐞 𝐘𝐞𝐥𝐥𝐨𝐰 𝐓𝐮𝐥𝐢𝐩𝐬 Where stories live. Discover now