Part 3

307 39 4
                                    

"အမေ့.."

ပန်းဆိုင်ရှေ့တွင်ရပ်နေသော သူမအား အရှိန်နှင့်အတူ ဖြတ်ကာလျှောက်သွားသောကြောင့် ဂျွန်ရှောင်တိမ်းရင်းဖြင့် ချော်မလဲအောင် ထိန်းရပ်လိုက်ရသည်။

"ဒီမယ်.. ဒီမယ်"

"ဟမ်.."

ဂျွန်နှင့် ခပ်လှမ်းလှမ်းတွင် ရောက်နှင့်နေပြီဖြစ်သည့် ခြေလှမ်းကျဲများဟာ သူမ၏ခေါ်သံဖြင့် ဟန့်တားခြင်းခံလိုက်ရသည်။ ထိုမိန်းကလေးသည် သူမဘက်သို့ ဆတ်ခနဲလှည့်လာကာ မျက်ခုံးထူထူတို့အား အစွမ်းကုန်တွန့်ချိုးထားသည်။ စိတ်ရှုပ်နေသည့်မျက်နှာထားအားကိုင်ဆောင်ကာ ဂျွန့်ခေါ်သံအား အာမေဋိတ်တစ်ခုဖြင့် တုန့်ပြန်လာသည်။

"ရှင့်ကြောင့် ကျွန်မလဲကျသွားတော့မလို့.. ကျွန်မနေရာမှာ သက်ကြီးရွယ်အိုတစ်ယောက်ဆိုရင် ဘယ်လိုလုပ်မလဲ"

ထိုမိန်းကလေးသည် နားမလည်သည့်ဟန်ဖြင့် ခေါင်းအားအနည်းငယ်တိမ်းစောင်းကာ ကိုယ့်ကိုယ်ကိုယ် လက်ညှိုးဖြင့် ညွှန်ပြလျက်..

"ကိုယ့်ကိုပြောနေတာလား.."

ဂျွန်ရဲ့ ‌ထိန်းချုပ်ထားသော ဒေါသများသည် အထိန်းအကွပ်မဲ့သွားလေပြီ။

•••

"အို.. ဗျူး မောနင်း"

ထမင်းစားခန်းထဲတွင် မနက်စာပြင်ဆင်ပေးရင်းဖြင့် သူမအား ပြုံးကာ နှုတ်ဆက်စကားဆိုလာသော အိမ်တော်ထိန်း။

"မောနင်း ခွန်ပါး.. မာမီရော" 

"Company ကို အရေးကြီးသုပ်ပြာထွက်သွားတယ်.. မသွားခင်တောင် ဗျူးကို ကျူးလစ်ဝါတွေ၀ယ်ခိုင်းဖို့ သတိပေးသွားသေးတယ်"

ခွန်ပါးသည် ‌ဗျူးအတွက်ကော်ဖီငှဲ့ပေးရင်း ပြောသည်။ ဗျူးခေါင်းတစ်ချက်ခါရမ်းလိုက်ကာ ရယ်မိသည်။

"Jeenprasom Company Founder က ဒီလိုဆိုတာသာ share ၀င်တွေသိလို့ကတော့ မျှော်လင့်ချက်တွေပျောက်ကုန်တော့မှာပဲ.."

"ဒါပေမဲ့ အလုပ်ခွင်ရောက်နေတဲ့အချိန်ဆို ခွန်အာချာရာဘယ်လောက်တိကျပြီး ကြောက်ဖို့ကောင်းလဲဆိုတာ ဗျူးအသိမဟုတ်လား"

𝐓𝐡𝐞 𝐘𝐞𝐥𝐥𝐨𝐰 𝐓𝐮𝐥𝐢𝐩𝐬 Where stories live. Discover now