"မစ်ခ်"
"ဟင်.."
"ဘာလုပ်နေတာလဲ"
"ဟို.. ဟို မ၀င်ရဲလို့"
သူမ၏မျက်နှာတွင် ဇောချွေးတို့နေရာယူလျက်။
"တံခါးလေးဖွင့်ပြီး ၀င်လိုက်ရုံပဲလေ Pansa Vosbein ရဲ့"
မစ်ခ်အား ဆရာကြီးလေသံဖြင့် ခပ်ရွတ်ရွတ်စနောက်လိုက်သောအခါ မစ်ခ်သည် မျက်မှောင်ကျုံ့လျက် ဧည့်ခန်းထဲသို့ ခြေဦးတည်ရန်ပြင်သည်။
"ဟဲ့ ဘယ်လဲ"
ဂျွန် မစ်ခ်၏ အကြောများထောင်နေသည့် လက်တစ်ဖက်အား အမြန်အဆန်ဆွဲဖမ်းကာ မေးလိုက်မိသည်။
"ဧည့်ခန်းထဲလေ"
"အေးလေ ဘာသွားလုပ်မလို့လဲ"
"ကျူးလစ်ဝါတွေ ပြန်ယူပြီး အိမ်ပြန်တော့မလို့"
"ဘာ.."
ဂျွန် ပြာပြာသလဲဖြစ်သွားတော့သည်။ မစ်ခ်၏ ရှေ့၌ ပိတ်ရပ်လိုက်ကာ လက်နှစ်ဖက်အားဆန့်တန်းလျက်..
"လူကြီးတွေ မပြောပြထားဘူးလား.. ပေးပြီးသားပစ္စည်းပြန်ယူရင် မျက်စိစွန်တတ်တယ်တဲ့"
သူမ၏ ကျူးလစ်ဝါများ ပြန်ယူသွားခြင်းမခံရဖို့အရေး ဂျွန် ကလေးတစ်ယောက်နှယ် ကြံမိကြံရာဖြင့် ကြားဖူးနား၀များထုတ်ပြောမိတော့သည်။
"မသိဘူး ပြန်တော့မယ်.. နင်လိုချင်ရင် ကိုယ့်ဟာကိုယ်၀ယ် ဒီနားမှာ နင်၀ယ်နေကျပန်းဆိုင်ရှိတယ်မလား"
"ဟာ အဲ့ဆိုင်က ကျူးလစ်ဝါတွေကုန်ကုန်နေတာ တစ်ပတ်လောက်ရှိပြီ.. တစ်ခြားအရောင်တွေပဲရှိတယ်။ မပြန်နဲ့အုံး လပ်ဖ်ကို ဝိုင်းချော့စေချင်လို့ အကျပ်ကိုင်နေတာမလား.. ခဏစောင့်"
မစ်ခ်အား မျက်မှောင်ကျုံ့၍ လက်ညှိုးထောင်ပြကာ ပန်းတွေပြန်မယူရန် သတိပေးသည့်ဟန်ပြလိုက်သည်။မစ်ခ်သည်လည်း လိုချင်တာရသွားသည့်ကလေးပမာ ပြုံးလျက်ခေါင်းညိတ်ပြလာသည်။ ဂျွန် ခေါင်းတစ်ချက်ခါရမ်းလိုက်ပြီးနောက် ရေချိုးခန်းဆီသို့..။
လပ်ဖ်ရေချိုးခန်းထဲ ၀င်ပုန်းနေသည်မှာ အနည်းငယ်ကြာနေပြီဖြစ်သဖြင့် အအေးပတ်မည်အား စိုးရိမ်စပြုလာကာ ခပ်သွက်သွက်ခြေလှမ်းများလှမ်းမိသည်။ရေချိုးခန်းတံခါးဖွင့်လိုက်သည်နှင့် လပ်ဖ်အား ရေချိုးခန်းထောင့်တစ်နေရာတွင် ဒူးကိုလက်ပိုက်ထားသည့်အနေအထားဖြင့် ကွေးကွေးလေးအိပ်ပျော်နေသည်အား တွေ့လိုက်ရသည်။
YOU ARE READING
𝐓𝐡𝐞 𝐘𝐞𝐥𝐥𝐨𝐰 𝐓𝐮𝐥𝐢𝐩𝐬