မနက်မိုးလင်းတာနှင့် ဆေးရုံဆင်းရန် ပြင်ဆင်ပြီးနောက် Mingyu ရဲ့ အကူညီနဲ့ ဆေးရုံဆင်းခဲ့လိုက်သည်။ အဖေ့ကို အိမ်တွင် ပြန်ထားပြီးနောက် အိမ်သန့်ရှင်းရေးလုပ်ပေးခဲ့ကာ Mingyu ရဲ့ မိဘတွေနဲ့လည်း သေချာတွေ့ပြီး ကျေးဇူးတင်စကားပြောကာစံအိမ်သို့ပြန်လာခဲ့လိုက်သည်။
စံအိမ်သို့ရောက်သော် ပွဲရက်က မနက်ဖြန်မို့စီစဉ်စရာရှိတာ စီစဉ်ကြရတော့သည်။
Soonyoung ပြန်ရောက်ချိန်တွင် လုပ်ဖော်ကိုင်ဖက်များကမနေ့ညက ဖြစ်ကြောင်းကုန်စင်ကို ပြောပြကြတော့သည်။
မနေ့က Soonyoung ထွက်သွားပြီးနောက် Boss အခန်းထဲတွင် ကြွက်တစ်ကောင်တွေ့သည်ဟု Boss က အကုန်လုံးကို ခေါ်ကာ ဒီကြွက်တစ်ကောင်လုံး အခန်းထဲဝင်တာ မသိရကောင်းလားဟု ဆူပူခဲ့ကြောင်း ပြောပြကြသည်။
ဒီလုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ Lee Jihoon မှာ
ဘယ်လောက်တောင်ပင် ကလေးဆန်လိုက်သလဲတွေးမိကာ ကြိတ်ပြုံးနေလိုက်သည်။အဝတ်အစားများလဲကာ စံအိမ်ဘက်သို့ ထွက်လာတော့ Jihoon သည် ခြံထဲက သစ်ပင်များဘက်သို့လှည့်ကာ လက်နောက်ပစ်ရင်း ရပ်နေသည်။ အဖြူရောင် T-shirt အပွလေးကို အနက်ရောင်ဘောင်းဘီတိုလေးနှင့် တွဲဝတ်ထားပြီး Slippers လေးစီးထားလေသည်။
"Boss"
"............"
"ပြန်ရောက်ပါပြီ မနေ့က အဖေနေမကောင်းလို့
ဆေးရုံမှာ ညစောင့်ပေးလိုက်ရလို့ပါ"".............."
သစ်ပင်ဘက်သို့ လှည့်မြဲ လှည့်နေသော ကောင်လေး။
တစ်အောင့်ကြာသော် Soonyoung ဘက်သို့လှည့်လာသည်။
ရုတ်တရက်ဆိုသလိုပင် Jihoon မျက်နှာအမူရာများပြောင်းသွားခဲ့သည်။ အကြည့်တွေက Soonyoung ရဲ့ ညာဖက်နဖူးစတွင်ရှိသော ပတ်တီးစဆီသို့။
မျက်မှောင်ကြုံ့လျက်ကြည့်နေသော Boss ကို မြင်တော့ Soonyoung သတိရသွားကာ
"ဒါ.... ဒါက မနေ့က ချော်လဲရင်း ခိုက်မိတာပါ"
ပတ်တီးစလေးကို ကိုင်ပြီးဖြေလိုက်တော့
"ဘယ်သူကမေးလို့လဲ"
"................."
သူကြည့်နေလို့ ပြောမိတာကို။

YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon
Фанфикချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍