Part-1

2.5K 40 0
                                    

~အသက်နှင့်ရင်း၍~

အပိုင်း(၁)

"သားငယ်...ဒီကိုလာအုန်းဒယ်ဒီပြောစရာရှိလို့"


ဦးမင်းထင် အိမ်ထဲဝင်လာတဲ့သားငယ်ဖြစ်သူ မင်းရက်စက် ကိုခေါ်လိုက်သည်


စက် လည်းဒယ်ဒီ့စကားကြောင့်ကားသော့ကိုလက်ထဲ၌ဝေ့ယှမ်း၍ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူရှိရာဧည့်ခန်းထဲလျှောက်လာပြီး ဆိုဖာပေါ်ထိုင်လိုက်သည်

"သားကိုဘာပြောစရာရှိလို့လဲဒယ်ဒီ"

"သားငယ် ကိုယ်ကိုဝနကျော်ရဲ့သမီးနဲ့နေရာချပေးမလို့"

"ဗျာ...."


စက် လည်း ဖခင်ဖြစ်သူစကားကြောင့်လန့်သွားရသည် မတွေ့မမြင်ဖူးတဲ့မိန်းမကိုလက်ထပ်ရအောင်စက်သည်အရူးမှမဟုတ်တာ နောက်စက်မှာ အထက်တန်းထဲကနေခုဘွဲ့ရတဲ့ထိတွဲလာတာတဲ့ချစ်သူလည်းရှိသည်


"ဟုတ်တယ်သားရဲ့ မိန်းကလေးကပညာတတ်ဥစ္စာပေါရုပ်ချော အနေအေးတဲ့အပြင်စကားပြောလည်းချိုသာတယ် အိမ်မှုကိစ္စဆိုလည်းလှည့်ကြည့်စရာမလိုဘူး ဆရာဝန်မ​လေးသားငယ်ရဲ့မာမီကိုယ်တိုင်အကဲခတ်ပြီးပြီ"


ဒေါ်သူဇာ သားဖြစ်သူကိုသေချာရှင်းပြနေသည် ထို့တူဦးမင်းထင်ကလည်းဆိုဖာပေါ်မိန်မိန့်ကြီးထိုင်ကာဆေးလိပ်တစ်လိပ်ကိုဖွာကာ မိန်းမဖြစ်သူနဲ့သားဖြစ်သူကိုကြည့်နေသည်


"မဖြစ်ဘူးမာမီ သားလက်မထပ်နိုင်ဘူး သားမှာချစ်သူရှိတယ် သူ့ကိုပဲလက်ထပ်မယ်"


"ဖြတ်လိုက်အဲ့မိန်းကလေးကိုဖြတ်လိုက် သူ့မိဘတွေကကောင်းလားမကောင်းလားမင်းမသိဘူးလားဟမ်း မင်းရက်စက် ငါတို့သွေးထဲကိုမကောင်းတဲ့သွေးအဝင်မခံနိုင်ဘူး"


"ဒါပေမဲ့....ဒယ်ဒီ"

စက် လည်းဖခင်ဖြစ်သူကိုရှင်းပြရန်ကြံလိုက်ပေမဲ့ ဒယ်ဒီရောမာမီရောကသူ့ကိုမျက်လုံးစိမ်းကြီးတွေနဲ့ကြည့်နေပြီပင် စက်ကမိဘစကားတစ်ခါမှမလှန်ပေ မာမီကိုပိုချစ်တာကြောင့်လည်းပါသည် မာမီကနှလုံးရောဂါအစပြုနေတာကြောင့် စိတ်မညစ်မခံရအောင် မာမီပြောသမျှ စက်နေခဲ့သည်


~အသက်နှင့်ရင်း၍~(Completed) Where stories live. Discover now