Part-7

1.1K 24 3
                                    

~အသက်နှင့်ရင်း၍~

အပိုင်း(၇)

လအနည်းငယ်ကြာသွားတဲ့အထိရှေးဘာသတင်းမှတော့မကြားရတော့ပေ မောင်နှင့်လည်းအရင်ကထက်ဆက်ဆံရေးတွေတိတ်ဆိတ်ကုန်သည် အရင်ကတောင်ခေါ်ခေါ်ပြောပြောရှိသေးသည် ခုဆိုထမင်းစားချိန်တောင်တစ်ခါတစ်လေမဆုံမိတဲ့အထိ


ရှေးလည်းအလုပ်နားတဲ့ရက်မို့ခြံထဲကသူမစိုက်ထားတဲ့စံပယ်ပင်တွေကိုတစ်​နေ ကုန်အချိန် ​ပေးရေဖျန်း၊ပေါင်းသင်ပေးပြီး ည​နေ မိုးချုပ်မှသာတစ်ခြံလုံးသိမ်းဆည်း ပြီးသွားတာမို့အိမ်ထဲဝင်လာတုန်းနောက်ပါးဆီကနေကားသံကြားလိုက်ရသည်မို့ကြည့်နေတော့ မောင့်ကားပင်


စက်လည်း ကားရပ်လိုက်တာနဲ့အပြေးလေးဆင်းလိုက်ပြီး

"ငွေ့ရည် လာ အိမ်ထဲဝင်ရအောင်"

"ဟုတ်ကိုကို..."

ရှေးကြည့်နေတုန်းဟင် ငွေ့ရည်ကအထုပ်တွေနဲ့ပါလား

စက် လည်းငွေ့ရည်ကိုခေါ်ကာအထုပ်တွေသယ်ပြီးအိမ်ထဲ ဝင်လာခိုက်ဟိုမိန်းမကိုတွေ့လိုက်ရ​လေသည်


"သူက ဘယ်လိုလုပ်ပြီးအိမ်ပေါ်ကိုရောက်လာရတာလဲမောင်"

"ကျုပ်ချစ်သူကိုကျုပ်အိမ်ခေါ်လာတာ ခင်ဗျားစောက်ကြောင်းပါလား ဟမ်း!!"


"မောင်..."

ငွေ့ရည်လည်းရှေ့ကကိုကိုမိန်းမကိုမဲ့ပြီးကြည့်ကာ


"အိမ်ကအ​ေမထက်တောင်အရွယ်ကျမှ​ေတာ့အဟင့် အေးပေါ့လေ အဲ့လိုအရွယ်ရောက်နေတော့ယူမဲ့လူမရှိတော့လည်း ရုပ်ချောဥစ္စာပေါပြီးချစ်သူရှိတာသိတာတောင်မရှောင်ပဲလက်ထပ်လိုက်တာကိုး"


"မောင့်ကိုဥစ္စာပေါလို့ယူတယ်လို့ပြောရအောင်ငါကဆင်းရဲမွဲတေနေတဲ့သူမဟုတ်ဘူး မင်းကငါ့အိမ်ပေါ်ကိုတက်လာပြီးငါ့ကိုလာစော်ကား​နေတာလားဟမ်း"


"ထင်ချင်သလိုထင်အဘွားကြီး"

"ခင်ဗျား ကျုပ်ချစ်သူနဲ့ကျုပ်အိပ်ဖို့ အိပ်ယာသွားပြင်ပေးထား ကျုပ်တို့နားတော့မယ်"

~အသက်နှင့်ရင်း၍~(Completed) Where stories live. Discover now