Part-9

3.5K 50 4
                                    

~အသက်နှင့်ရင်း၍~

အပိုင်း(၉)

ရှေးတစ်ယောက်အိပ်ယာကနေလူးလှိမ့်ကာနိုးလာရသည် အိပ်ယာပေါ်ဖြည်းညင်းစွာထိုင်လိုက်ပြီးသူမခန္ဓာကိုယ်အနှံ့လိုက်ကြည့်နေမိသည်

"အ့ ကျွတ့် နာလိုက်တာ "

"လက်ကလည်းကိုက်လိုက်တာ"

လက်မောင်းတွေနှင့်လက်ဖမိုးအနှံ့အပြားမှာသွေးစတွေကအချိန်ကြာသွားတော့ခြောက်ကပ်နေကုန်ပြီ ကျောပြင်တစ်ဝိုက်ကလည်းဓားနဲ့အစိမ်းလိုက်ခွဲထားသလိုနာကျင်နေသည်ရှေးလည်းသူမလက်လေးနဲ့ ပြန်စမ်းကြည့်ခိုက်

"အား.....သေပါပြီ..အဟင့်...နာလိုက်တာ"

"ခင်ဗျားနိုးလာပြီလား...မနက်စာစားဖို့ယူလာတယ်"

စက် လည်း အခန်းအတွင်းထဲ ဆန်ပြုတ်တစ်ပန်းကန်နဲ့ဆေးတွေယူလာခဲ့ပြီးသူမနားက စားပွဲပေါ်တင်ပြီးပြောလိုက်သည်

ရှေးလည်းသူမနားထိုင်ကာသေချာကြည့်နေတဲ့ မောင့်ကိုမကြည့်ပဲ ပြတင်းပေါက်ဘက်ကိုသာမျက်နှာမူထားလိုက်သည်

စက်သူ့ကိုမကြည့်ပဲအကြည့်လွဲထားတဲ့သူမကြောင့်မျက်မှောင်ကြုံ့လိုက်ပြီး

"ကျုပ်ကိုကြည့်ဒေါ်ရှေးသစ္စာ"

ရှေးလည်းမထီမဲ့မြင်နဲ့နေကာတုပ်တုပ်မျှမလုပ်ပေ

"ကျုပ်ပြောနေတယ်လေ ကျုပ်ကိုကြည့်လို့"

စက် လည်း သူခေါ်နေတာကိုလှည့်မကြည့်လာတာကြောင့်သူမခါးကနေဆွဲဖက်လိုက်တော့သူ့ကိုအလန့်တကြားကြည့်လာလေသည်

ရှေးလည်းသူမခါးလေးကိုဆွဲဖက်လာတာကြောင့်ခါးအစပ်နားကနာလာရသည်

"အား....နာတယ်...လွှတ်...."

"ဟင်...ခါးကဘာဖြစ်တာလဲ"

"သိချင်ရင်လှန်ကြည့်"

ရှေးလည်းအရွဲ့တိုက်ကာပြောလိုက်ပေမဲ့မောင်ကတစ်ကယ်ကြီးအင်္ကျီတွေဆွဲကိုင်နေပြီမို့

"ဘာ....ဘာလုပ်တာလဲ "

"ခင်ဗျားဘဲပြောတော့သိချင်လှန်ကြည့်ဆို ကျုပ်သိချင်လို့လှန်ကြည့်မလို့လေ လက်ဖယ်စမ်းပါ"

~အသက်နှင့်ရင်း၍~Where stories live. Discover now