Part-19

1.1K 28 0
                                    

~အသက်နှင့်ရင်း၍~

အပိုင်း(၁၉)

တစ်ရက်ကျော်ခရီးနှင်ပြီးနောက်တော့ ဌာနေဖြစ်တဲ့ ရန်ကုန်မြို့ကြီးကိုပြန်ရောက်လာကြပြီဖြစ်သည် ရန်ကုန်မြို့​မြောက်ဥက္ကလာပရှိ မေတ္တာရိပ် ဆိုတဲ့ဆေးရုံကြီးရှေ့ကားထိုးရပ်လိုက်တာနဲ့ဆေးရုံအတွင်းကnurseများဒေါက်တာများကစီးကြိုကြသည်


ဒေါက်တာသက်မှူးအိမ်နှင့်ဒေါက်တာကောင်းထက်တို့ကဦးဆောင်ကာပင်

"ကြိုဆိုပါတယ် ဆေးရုံအုပ်ကြီး နဲ့ဒေါက်တာများရှင့်"


"လမ်းခရီးဘယ်လိုနေလည်း တောင်ပေါ်ရွာကအဆင်လေးတွေရှိလား"


"သက် မှူး အိမ် ငါတို့ဆေးရုံထဲဝင်ပါရစေအုန်း"


ရှေးလည်းသူ့ထက်၂နှစ်ကျော်ငယ်တဲ့သူငယ်ချင်းဖြစ်သူကိုဆီးကြိုပြောလိုက်ရသည် လူသာလား၊နာလားမမေးဘူး အဆင်လေးတွေရှိလားတဲ့တကယ့်နှာဘူးစိန်၊စပ်စုစိန်မပင်


ထို့နောက်ရှေးတို့လည်းဆေးရုံထဲဝင်လာခဲ့ကြတော့သည် အဖွဲ့ထဲပါတဲ့ဒေါက်တာတွေကိုတော့ရှေး ခွင့်၃ရက်ပေးထားသည် ခရီးပန်းနေကြမှာအသေအချာပင်မို့


"အဖွဲ့ထဲပါတဲ့ ကိုမင်းသုတ၊ချိုချိုလွင်၊ခက်ယုဝေ၊မင်းသွေးထွဋ် ၊ခေးခေးခင်နဲ့တစ်ခြားကျန်တဲ့ဒေါက်တာ၃ယောက်လည်းခုအိမ်ပြန်နားမယ်ဆိုနားလို့ရတယ်နော် ရှေးခွင့်၃ရက်ပေးမယ်"


"တစ်ကယ်လား ဒေါက်တာ "

ခေးခေးလည်းဆေးရုံအုပ်ကြီးစကားကြောင့်လက်ခုပ်လေးထတီးကာခုန်ရင်းပြောလိုက်သည်


"တကယ်ပေါ့....ခေးခေးရဲ့ခေးခေးကိုက၅ရက်ပေးမယ် အသက်ငယ်ငယ်လေးနဲ့လိုက်ခဲ့ရတာ အဲ့တော့ ခွင့်၅ရက်ကိုပျော်ပျော်ရွှင်ဖြတ်သန်းနော်"



"ဟီး အသက်အငယ်ဆုံးဖြစ်ရတာပျော်စရာကြီးကျေးဇူးအများအများကြီးတင်ပါတယ်ဆေးရုံအုပ်ကြီး အဲ့မို့ဆေးရုံအုပ်ကြီးကဒီလောက်ချောနေတာ"


"အမယ်.....ဟုတ်ပါပြီမြှောက်မနေပါနဲ့မခေးခေးရယ် ကျွန်မကိုမမြှောက်လည်းရှင့်ကိုခွင့်၅ရက်ပေးမှာပါ"


~အသက်နှင့်ရင်း၍~(Completed) Where stories live. Discover now