Part-18

1.2K 30 3
                                    

~အသက်နှင့်ရင်း၍~

အပိုင်း(၁၈)

ရှေးတို့အဖွဲ့လည်းပြန်လာတဲ့လမ်းတစ်ယောက်မှစကားမပြောကြပေ တိတ်ဆိတ်စွာနဲ့ ပြန်ဆင်းလာခဲ့ကြသည်ရှေးလည်းသူမဘေးနားကသွားနေတဲ့မောင့်လက်ကိုဆွဲလိုက်ကာ



"မောင်....ဘာဖြစ်လို့ဗြုန်းဆိုင်းကြီးထပြန်ကြတာလည်းဟင် ညကရှေးခုံတန်းမှာထိုင်နေတာလေ အိပ်ယာနိုးတော့အခန်းထဲပြန်ရောက်နေတယ်"

"ဘာမှမဖြစ်ပါဘူးသူတို့ရွာမှာဖျားနာတာတွေလည်းမရှိဘူးလေ မောင်ရှေးစားဖို့ချောကလက်သွားယူပြီးပြန်လာတော့ရှေးကအိပ်ပျော်နေပြီမို့အခန်းထဲ ပြန်ခေါ်လာတာ ဘာဖြစ်လို့လဲ"

"ဘာမှတော့မဖြစ်ပါဘူး ရှေးခြေသံကြားလို့လှည့်တာဘာမှမမြင်ရပေမဲ့နှာခေါင်းထဲမေ့ဆေးအနံ့ရလိုက်လားလို့"

"မဟုတ်ပါဘူးရှေးစိတ်ထင်လို့ပါ"

"အင်းပါ ရှေးမွေးနေ့ရောက်တော့မယ်မောင် ဘာလက်ဆောင်ပေးမှာလည်း"

"မွေးနေ့ကဘယ်တော့လည်းရှေး"

"ဒီလကုန်30ရက်နေ့မောင်"

"June 30ပေါ့ရှေးကလေ"

"ဟုတ်တယ်မောင် ၃၀ပြည့်ပြီ"

ရှေးတို့ကနောက်ဆုံးကလိုက်လာတာမို့စကားအေးဆေးစွာပြောလို့ရသည်

ငွေ့ရည်လည်းအကြံကုန်ထုတ်ကာစဥ်းစားနေရသည်

"ဘယ်လိုလုပ်ပြီးဒီလောက်အကွက်ကျစီစဥ်ထားတာကို"

"ကိုကိုမသိလို့တော်ပါသေးတယ် ကိုကိုသိရင် ငါသေပြီ"

"ရန်ကုန်ရောက်ရင်ရန်ကုန်တစ်ကာနပေါ့ အဟင့်အလွတ်ပေးမယ်တော့မထင်နဲ့"


၆နာရီနီးပါးလမ်းလျှောက်ပြီးခါမှာတော့ ဟာစခါး (....)ရဲစခန်းကိုရောက်သည် မနက်၆နာရီကထွက်လာတာဒီရောက်တော့ဖြင့်11ခွဲနေပြီဖြစ်သည်


ထိုချိန်သူတို့အဖွဲ့နဲ့ပါလာတဲ့ရဲတွေလည်းစခန်းထဲပြေးဝင်သွားကြသည် ခဏကြာတော့ ရဲအုပ်ပါပါလာလေသည်

~အသက်နှင့်ရင်း၍~(Completed) Where stories live. Discover now