EP 4

110 10 2
                                    

( You don't remember me )

" ဘယ်ကပြန်လာတာလဲ ဒုံဟျော့ခ်! "

မာမီနဲ့ဒယ်ဒီသိမှာဆိုးလို့ဖြေးဖြေးလေးခြေချပြီး၀င်လာခဲ့ပေမယ့် ဒယ်ဒီ့အသံကြောင့်ခြေလှမ်းတွေပင်ရပ်တန့်သွားရသည်။သူမင်ဟျောင်းနဲ့သွားတွေ့ပြီးပြန်လာတိုင်း အမြဲဒယ်ဒီက မင်ဟျောင်းနဲ့ထပ်မတွေ့ဖို့ပြောသည်။အခုလဲ မင်ဟျောင်းအလုပ်က‌အစောနားချိန်ရတာမို့ သူ့ကိုတွေ့ဖို့ပြောတာကြောင့် ခဏလေးတွေ့ပြီးပြန်လာတာကို ဒယ်ဒီကသိဖြစ်အောင်သိ‌သွားသေးသည်။

" အီမင်ဟျောင်းနဲ့တွေ့လာတာလား သား "

" ဟုတ် မာမီ "

ဂျယ်မင်းတို့အိမ်လို့ပြောသွားပေမယ့် အခုသိသွားပြီမို့ ဒုံဟျော့ခ်မာမီ့ကို မလိမ်ချင်တော့။

" မင်းကိုသူနဲ့မတွေ့နဲ့လို့ဘယ်နှခါပြောရမလဲ!! ငါသိတယ်ဆိုတိုင်း မင်းတို့တွဲနေတာကိုကြည်ဖြူတယ်မထင်နဲ့ "

" ဒယ်ဒီကလဲ ကိုကိုကဘာဖြစ်နေလို့လဲ!! ဘာလို့ကျွန်တော်တို့ကိုပဲလိုက်ပြောနေရတာလဲ? "

" မင်းကအဲ့လိုလူနဲ့တွဲပြီးအဆင်ပြေပြေနေနိုင်မယ်ထင်သလား ဟမ်! သူ့ဘာသူတောင်အလုပ်လုပ်ပြီးကျောင်းလခပေးနေရတာ မင်းကိုငါတို့လိုကောင်းကောင်းထားပေးနိုင်မယ်ထင်နေတယ်ပေါ့ "

" အဲ့တာသူ့အကြောင်းပါ။ သူ့ဘာသူအလုပ်လုပ်ပြီးကျောင်းလခနဲ့သူ့အမေဆေးစရိတ်ကိုရှာနေရတာလေ အဲ့တာဘာများမှားလို့လဲ? ဒယ်ဒီတို့ထင်သလို ကျွန်တော့်နားကိုပိုက်ဆံကြောင့်ကပ်နေတာလဲမဟုတ်ဘူး သူ့ကိုသဘောကျကြောင်းကျွန်တော်ကပဲအရင်ပြောခဲ့တာ။ အဲ့တာကြောင့် ကိုကို့ကိုအထင်သေးသလိုပြောတာမျိုးတွေရပ်ပေးပါ ဒယ်ဒီ! "

ဒုံဟျော့ခ်ပြောပြီး"ချင်း အပေါ်ထပ်ကိုသာတက်လာခဲ့လိုက်သည်။ဒယ်ဒီနဲ့မာမီကတစ်ခြားနေရာတွေမှာသာအလိုလိုက်ပြီးသူ့ကိုရွှေပေါ်မြတင်ထားထားပေမယ့် မင်ဟျောင်းနဲ့တွဲနေတာကိုတော့ တစ်စက်မှကြည်ဖြူပုံမရှိ။ဒုံဟျော့ခ်မှာတစ်သက်နဲ့တစ်ကိုယ်မိဘတွေနဲ့စကားမများဖူးပေမယ့် အခုလိုစကားများတိုင်းအမြဲမင်ဟျောင်းနဲ့သူ‌တွဲတဲ့ကိစ္စကြောင့်ပင်။ဒုံဟျော့ခ်မှာလဲ ဒယ်ဒီဆီကအခုလိုစကားတွေကြားတိုင်း မင်ဟျောင်းကိုအားနာမိသည်။သူ့ကြောင့်နဲ့နှိမ်ချစွာအပြောခံရပြီး အထင်သေးခံရတာမဟုတ်လား။

𝙔𝙊𝙐 𝘿𝙊𝙉'𝙏 𝙍𝙀𝙈𝙀𝙈𝘽𝙀𝙍 𝙈𝙀Where stories live. Discover now