Ep 9

79 11 0
                                    

( You don't remember me )

" ဟျောင်း!! နေ့လည်စာစားချိန်ရောက်ပြီ။ ဒါလေးစားပြီးဆေးသောက်ရအောင်နော် "

" အင်း... "

ယောင်းဘင်းဆိုတဲ့တစ်‌ယောက် မနက်ကတည်းကသူ့နားတောက်တက်လိုကပ်နေတာ အခုချိန်ထိ။ အခုလည်းနေ့လည်စာစားပြီးရင်ဆေးသောက်ရမယ်ဆိုပြီး ကိုယ်တိုင်ပြင်ပေးနေတာ... မာမီတို့ပြောတာတော့ ငယ်ငယ်ကတည်းကအတူတူဆော့လာပြီးအရမ်းခင်ကြတာတဲ့...ဒါမယ့်ဒုံဟျော့ခ်မှတ်ဉာဏ်ထဲမှာတော့ မှတ်မိတာဆိုလို့ မာမီနှင့်ဒယ်ဒီသာရှိသည်။

" ရပါတယ် ငါ့ဘာသာသောက်မယ် "

အတင်းကိုဆန်ပြုတ်ကိုသူတိုက်မယ်လုပ်နေလို့ ဒုံဟျော့ခ်တားပေမယ့် ယောင်းဘင်းဆိုတဲ့ကလေးကလည်း ဒုံဟျော့ခ်နဲ့ကိုအပြိုင်ခေါင်းမာသည်...

" ဘယ်ဖြစ်မလည်း ဟျောင်းရဲ့လက်မှာကဆေးပိုက်တွေကရှိသေးတယ် ကျွန်တော်ပဲတိုက်ပါ့မယ် "

" မင်းကအငယ်ဖြစ်ပြီးခေါင်းမာတာပဲ!! "

ဒုံဟျော့ခ်အပြောကို ယောင်းဘင်းရယ်မိတာတော့အမှန်။အခုတစ်လော သူ့ကိုလည်းအရင်ရက်တွေကလိုမစိမ်းတော့ဘဲ စကားတွေလည်းပြောလာသည်...တစ်ခါလေဆို သူနဲ့တောင်အပြိုင်ငြင်းတတ်သေးသည်...ဒီဟျောင်းက နေသာမကောင်းတာ အငြင်းကတော့အတော်သန်၏။

" မာမီကပြောတယ် မင်းကငယ်ငယ်ထဲကငါနဲ့ပေါင်းလာတာဆို ဟုတ်လား? "

" ဟုတ်တယ်လေ ဟျောင်းရဲ့! ကျွန်တော်တို့မိဘချင်းကလည်းရင်းနှီးတော့ ငယ်ငယ်ကဆိုကျွန်တော်ကနေ့တိုင်း ကျောင်းဆင်းတာနဲ့ဟျောင်းတို့အိမ်လာပြီး စာလုပ်နေကျ "

ယောင်းဘင်းပြောနေတာတွေကို မမှတ်မိပေမယ့် ဒုံဟျော့ခ်ဆန်ပြုတ်သောက်ရင်းသာ ငြိမ်ငြိမ်လေးနားထောင်နေမိသည်။

" ဟျောင်း သိလား ကျွန်တော်တို့မိသားစုအမေရိကကိုပြောင်းသွားတော့ ဟျောင်းက ကျွန်တော်နဲ့မခွဲချင်ဘူးဆိုပြီး ငိုလိုက်တာတအားပဲသိလား နှပ်တွေတောင်ထွက်တယ် ဟားဟားးး "

" အာ~~ဟုတ်ရဲ့လားမင်းကလည်း ရှက်စရာကြီးး "

" တကယ်ဟျောင်းရဲ့ ဒါမှန်းသိကျွန်တော်အဲ့တုန်းက ဓါတ်ပုံရိုက်ထားတယ်ဗျာ... "

𝙔𝙊𝙐 𝘿𝙊𝙉'𝙏 𝙍𝙀𝙈𝙀𝙈𝘽𝙀𝙍 𝙈𝙀Where stories live. Discover now