EP 1

197 14 0
                                    

( You don't remember me )

နွေဦးရဲ့တိုက်ခတ်တဲ့လေပူတွေနဲ့အတူ ရင်ထဲမှာလဲအပူတွေနဲ့မြိုသိပ်နေရသူတစ်ယောက်....။

စိတ်ပြေလက်ပျောက်ဖြစ်အောင် ပင်လယ်ဘက်‌တစ်ယောက်ထဲထွက်လာခဲ့ပေမယ့် ပိတ်ရက်ဆိုတော့ မိသားစုနဲ့အတူတူလာတဲ့သူတွေရယ်၊အတွဲတွေရယ်နှင့်သူငယ်ချင်းတွေအုပ်စုလိုက်လာတဲ့သူတွေကအများအပြား။ထိုသူတွေကြားထဲ သူကတော့တစ်ယောက်ထဲပင်။

အရင်ကချစ်ရသူလေးနဲ့မကြာခဏလာခဲ့ဖူးပေမယ့် အခုတော့သူတစ်ယောက်ထဲလာခဲ့ရသည်မဟုတ်လား။ပင်လယ်ကိုကြည့်ရင်း အရင်ကအမှတ်တရတွေကိုတွေးမိပြီး ရင်ထဲမှာတစ်ဆစ်ဆစ်နှင့်နာကျင်ရသည်။သူသာအဲ့နေ့က ဒေါသတစ်ကြီးအဲ့စကားတွေမပြောလိုက်မိရင် အခုလိုဖြစ်မည်မဟုတ်။

လွန်ခဲ့တဲ့ ၃နှစ်ကအဖြစ်အပျက်တွေက သူ့ကိုအခုထိနှိပ်စက်နေဆဲပင်.....

_______________

လွန်ခဲ့သော ၅နှစ်
အဖြစ်အပျက်ဆိုးတွေမဖြစ်လာခင် သိပ်ပျော်ခဲ့ရတဲ့ ၂နှစ်တာအချိန်ကာလ။

မင်ဟျောင်းရဲ့အထက်တန်းကျောင်းသားဘ၀က သိပ်ကိုပျော်ဖို့ကောင်းခဲ့သည်။ သူ့ကိုသိပ်ချစ်တဲ့သူငယ်ချင်းတွေရယ် သူသိပ်ချစ်ရတဲ့ ကောင်လေးရယ်...။

မင်ဟျောင်းရဲ့ကျောင်းသားဘ၀က ပေါ့"ပါး"ပင်။ ‌အဆောင်ကနေကျောင်းသွားတယ် ၊ ပြန်လာရင် ရတဲ့အချိန်ပိုင်းအလုပ်ကိုသွားတယ် ၊ အလုပ်ကပြန်လာရင် ကျောင်းကစာတွေပြန်ကြည့်တယ် ၊ ပိတ်ရက်မှာ အချိန်ပိုင်းအလုပ်အပြင်ထပ်ပြီးအလုပ်တစ်ခုပိုတိုးလုပ်တယ်။ ပြီးရင်ရတဲ့ပိုက်ဆံကို ကျောင်းလခချန်ပြီး မေမေ့ဆီကိုအကုန်ပို့တယ်။ မင်ဟျောင်းရဲ့ဘ၀ဖြတ်သန်းပုံကခက်ခဲပေမယ့် နေ့စဉ်ဒီလိုပဲလည်ပတ်ရသည်။ မေမေ့မှာလဲသူပဲရှိသည်မဟုတ်လား....။ ။

............................

ယနေ့က မင်ဟျောင်းနဲ့ဒုံဟျော့ခ်တွဲတာတစ်နှစ်ပြည့်သည့်နေ့ပင်။ ကျောင်းမှာတိတ်တခိုးသဘောကျခဲ့ရတဲ့ကောင်လေးက သူ့ကိုသဘောကျတယ်လို့ပြောခဲ့တာ အခုထိမနေ့တစ်နေ့ကလို။ဒုံဟျော့ခ်နဲ့ကအခြေအနေချင်းမတူသည်မို့ သူ့ကိုသဘောကျတယ်ပြောတုန်းကအတတ်နိုင်ဆုံးခံစားချက်ကိုခေါက်ထားပြီးရှောင်နေခဲ့ပေမယ့် သူငယ်ချင်းတွေအပို့ကောင်းလို့ တွဲဖြစ်သွားသည်လေ။

အခုလဲ Anniversary မှာအတူတူရှိနေချင်ပေမယ့် မင်ဟျောင်းရဲ့အချိန်ပိုင်းအလုပ်ကြောင့် လွန်ခဲ့တဲ့ပိတ်ရက်တုန်းကပဲ ကြိုပြီး Anniversary date လုပ်ခဲ့ကြသည်။ မင်ဟျောင်းဘက်ကအခြေအနေကို ဒုံဟျော့ခ်ဘက်လဲသိသည်မို့ အကုန်နားလည်ပေးထားပြီး Anniversary date ကိုလဲ တစ်နှစ်ပြည့်မတိုင်ခင်ပိတ်ရက်မှာလုပ်ဖို့ ဒုံဟျော့ခ်ကပဲပြောခဲ့တာပင်။သူ့အခြေအနေကို သိသည်မို့အကုန်နားလည်ပေးတဲ့ ဒုံဟျော့ခ်ကို မင်ဟျောင်းမှာအချစ်ပိုရသလို အမြဲလဲအားနာမိသည်။

တွဲခဲ့တဲ့တစ်လျှောက် သူများတွေလို couple things လှလှလေးတွေ၀ယ်ပေးချင်ပေမယ့် ကျောင်းလခနဲ့မေမေ့ဆေးဖိုးတွေနဲ့တင်လုံးလည်လိုက်နေသူမို့ တစ်နှစ်ပြည့်နေ့မှာတောင် bonus ရတဲ့ပိုက်ဆံလေးနဲ့ပဲ လမ်းထိပ်ကစတိုးဆိုင်ကဆင်တူလက်ပတ်ကလေးသာ ၀ယ်ပေးနိုင်ခဲ့သည်...။ဒုံဟျော့ခ်ဘက်ကတော့ မင်ဟျောင်းပေးတဲ့တိုလီမုတ်စလေးတွေကို အမြဲအမြတ်တနိုးသိမ်းထားတတ်သည်။သူ့အတွက်တော့ သူ့မှာရှိတဲ့တန်ဖိုးကြီးအသုံးအဆောင်တွေထက် မင်ဟျောင်းပေးတဲ့လက်ဆောင်‌ဆိုသေးသေးလေးကအစ မြတ်နိုးရသည်။

.....................................

ဖြစ်နိုင်ရင် အချိန်တွေကိုလွန်ခဲ့တဲ့၅နှစ်မှာပဲ ရပ်တန့်ထားချင်မိတယ်။အဲ့အချိန်တုန်းက ကိုယ်တို့ပျော်ရွှင်ခဲ့ကြတယ် မဟုတ်လား...?

𝙔𝙊𝙐 𝘿𝙊𝙉'𝙏 𝙍𝙀𝙈𝙀𝙈𝘽𝙀𝙍 𝙈𝙀Where stories live. Discover now