( You don't remember me )
ပန်းခြံကနေ ရေခဲမုန့်ဆိုင်၀င် ရေခဲမုန့်၀င်၀ယ်ပေးပြီးအိမ်ကိုပဲပြန်လိုက်ပို့ပေးနေတဲ့ညနေခင်းလေး..
အရင်လိုတစ်ယောက်နဲ့တစ်ယောက် လက်ကလေးဆွဲကာစကားတွေအများကြီးမပြောကြပေမယ့် မင်ဟျောင်းရင်ထဲမှာတော့ ခံစားချက်ကမပြောင်းမလဲပါပဲ..။
လက်ကလေးအရင်လိုကိုင်ခွင့်မပေးတောင် သူ့ဘေးနားမှာရှိနေယုံနဲ့စိတ်ကလေးတစ်ခြမ်းပဲဖြစ်ဖြစ်အေးချမ်းရပါတယ်။
လမ်းတစ်လျှောက်ဘာစကားမှမပြောပဲ အိမ်ရှေ့ရောက်တော့မှ.." အိမ်ရှေ့ရောက်ပြီ ကျွန်တော်အိမ်ထဲ၀င်တော့မယ် "
" အင်း..အဲ့တာဆိုကိုကိုလည်း ပြန်တော့မယ်နော် "
" ဟုတ် "
" ဟျော့ခ်ဂီ! ကိုကို့ကိုတစ်ခုခုမပြောတော့ဘူးလား "
" ဗျာ..ဘာပြောရမှာလဲ "
" ... "
" အာ..သိပြီ မုန့်၀ယ်ပေးတာကျေးဇူးပါမင်ဟျောင်း "
ရေလာစေချင်လို့ချောင်းဖောက်ပေးလည်း မရတဲ့ကလေးပါပဲ။ အရင်လို ' ကိုကိုအဆောင်ရောက်ရင်ကျွန်တော့်ကိုဖုန်းဆက်နော် ' ဆိုတဲ့အမှာစကားလေးကြားချင်လို့ အရိပ်ပြပေမယ့် ဒုံဟျော့ခ်တစ်ယောက် အရိပ်ပြလို့အကောင်မမြင်ခဲ့ပါဘူး။ ခါးလေးကိုင်းကာ မုန့်၀ယ်ပေးလိုက်လို့ကျေးဇူးတင်စကားပဲပြောလာတယ်။ မင်ဟျောင်းလဲဘာမှဆက်မပြောတော့ပဲ သေချာနှုတ်ဆက်ပြီး ပြန်ဖို့ကိုပဲတွေးလိုက်တော့တယ်။
" ကိုကိုညကျမင်းဆီဖုန်းဆက်လို့ရလား "
အရင်ကဖုန်းဆက်ချင်တဲ့အချိန် ကောက်ဆက်လိုက်လို့ရပေမယ့် ဒုံဟျော့ခ်အဆင်မပြေမှာကြောက်လို့ ခွင့်ပြုချက်ပဲအရင်တောင်းလိုက်တယ်။
" ရပါတယ် ဒါမယ့်မာမီတို့မအိပ်သေးရင် အဆင်မပြေလောက်ဘူး "
" အာ..အဲ့တာဆိုလဲထားပါ။ ကိုကိုဖုန်းမဆက်တော့ပါဘူး "
" အဲ..အဲ့လိုတော့မလုပ်ပါနဲ့ မာမီတို့အိပ်တဲ့အချိန်ကျွန်တော်လှမ်းဆက်လိုက်မယ်လေ မင်ဟျောင်းဖုန်းနံပါတ်ပေးခဲ့ပါလား "