Ep 7

90 8 4
                                    

( You don't remember me )

ဒုံဟျော့ခ် မင်ဟျောင်းရှေ့ကနေခပ်မြန်မြန်ပဲပြေးထွက်လာခဲ့ပြီး လမ်းကြားထဲကနေ လမ်းမဘက်ကိုပြေးလာခဲ့လိုက်သည်။လမ်းတစ်လျှောက်ငိုပြီးပြေးလာတဲ့သူ့ကို လူတစ်ချို့ကကြည့်နေကြပေမယ့် လူတွေကိုအာရုံမစိုက်နိုင်တော့။ သူ့နောက်ကနေကိုကိုပြေးလိုက်လာလေမလား ‌မျှော်လင့်မိပေမယ့် တစ်ကယ်ကသူတစ်‌ယောက်ထဲပြေးလာခဲ့တာ....ငိုထားတာမို့ လမ်းမကများပြားလှတဲ့လူတွေနဲ့ ကားရောင်စုံတွေကိုလဲဒုံဟျော့ခ်သေချာစွာမမြင်ရ။မျက်ရည်တွေကရှိနေဆဲမို့ မျက်စိရှေ့ကအရာအားလုံးက ဝိုးတိုးဝါးတား။

သေချာမမြင်ရတဲ့လမ်းမကိုဖြတ်ကူးနေချိန် သူ့ဆီအရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးးး။

* တီ *

ကားကိုမြင်ပေမယ့် ရုတ်တရက်မို့ဒုံဟျော့ခ်ကြောင်ပြီးရပ်ကြည့်နေမိ၏။ တရစပ်တီးနေတဲ့ကားဟွန်းသံကြောင့်ရှောင်ဖို့လုပ်လိုက်ပေမယ့် မမှီတော့...

* ဒုန်း *

" အ့... "

...........

မင်ဟျောင်းကစားကွင်းထဲကနေ လှည့်ပြန်ဖို့အလုပ် ကြားလိုက်ရတဲ့အရာတစ်ခု။ * ဒုန်း * ဆိုတဲ့အသံနဲ့အတူ လမ်းမကလူတွေရဲ့အော်သံ။ သူစိတ်ထင်တဲ့အတိုင်းမဖြစ်ဖို့ဆုတောင်းရင်း လမ်းကြားထဲကနေလမ်းမဘက်ကိုပြေးထွက်လာမိ၏။

* သနားပါတယ် *

* ကားလာနေတာကို ချက်ချင်းမရှောင်ဘဲကြောင်ကြည့်နေတာ *

* ကောင်လေးကြည့်ရတာ ငယ်ငယ်လေးရှိသေးတယ် *

* ခုနက ငိုပြီးပြေးသွားတဲ့တစ်ယောက်မလား? *

* ကြည့်ရတာ ဆူဆိုက်လုပ်တာလားမသိဘူး လမ်းလယ်ကြီးမှာရပ်နေတာလေ *

* ဒီနားမှာ သူ့ကိုသိတဲ့သူများမရှိဘူးလား? *

* သွေးတွေကိုရဲနေတာပဲ *

* ကားသမားကကားထဲကထွက်မလာဘူးလား မူးပြီးမောင်းလာတာထင်တယ် *

လမ်းမဆီကိုအလောတကြီးပြေးလာရင်း ကြားလိုက်ရတဲ့တစ်ယောက်တစ်ပေါက်အသံတွေ။ ပြေးလာရင်း အရှေ့က လူတွေအုံပြီးရပ်ကြည့်နေတဲ့ နားကိုတဖြေးဖြေးချင်းတိုးပြီးသွားမိ၏။ သူထင်သလိုမဟုတ်ဖို့ဆုတောင်းရင်း ရှေ့ကလူတွေကိုတွန်းပြီးရှေ့ထိရောက်အောင်လာခဲ့ပေမယ့် သူ့ဆုတောင်းတွေကမပြည့်ခဲ့။ ဒီတစ်ခါမှာလည်း ဘုရားသခင်က သူ့ဆုတောင်းကိုမကြားခဲ့ဖူးထင်! သူ့ရင်၀ကို စောင့်ကန်လိုက်သလို မြင်ကွင်းကသူ့ကိုကြို‌ဆို‌နေ၏....။ ရှေ့ကသွေးအိုင်ထဲမှာလှဲနေတဲ့သူက ခုနကသူနဲ့စကားများပြီးပြေးထွက်သွားတဲ့ ဒုံဟျော့ခ်တဲ့လေ..... မင်ဟျောင်းမျက်စိရှေ့ကအဖြစ်အပျက်ကို စက္ကန့်ပိုင်းလောက်ကြောင်ပြီးရပ်ကြည့်နေမိသည်။အခုမျက်စိရှေ့ကမြင်ကွင်းက သူ့ခေါင်းပေါ်ကိုကမ္ဘာကြီးတစ်ခုလုံးပြိုကျလာသလို ခံစားရစေ၏။ ဘေးကစကားသံတွေနဲ့ နောက်ကနေတိုးလာတဲ့လူတွေကြောင့် သတိပြန်၀င်လာပြီး သွေးအိုင်ထဲမှာလှဲနေတဲ့ဒုံဟျော့ခ်ကိုယ်လေးကို ပွေ့လိုက်သည်။

𝙔𝙊𝙐 𝘿𝙊𝙉'𝙏 𝙍𝙀𝙈𝙀𝙈𝘽𝙀𝙍 𝙈𝙀Where stories live. Discover now