𝙳𝚊𝚒𝚜𝚢
-----------𝙳𝚊𝚒𝚜𝚢 လို့ပြောလိုက်တာနဲ့ အ၀ါရောင်၀တ်ဆံလေးရှိတဲ့အဖြူရောင်ပန်းပွင့်လေးတွေကို လူတိုင်းပြေးမြင်မိကြမှာပါ။
လူတိုင်းသိကြတဲ့ 𝙳𝚊𝚒𝚜𝚢 ဟာ 𝙰𝚜𝚝𝚎𝚛𝚊𝚌𝚎𝚊မျိုးနွယ်ဖြစ်ပြီး 𝙰𝚜𝚝𝚎𝚛 နဲ့ 𝚂𝚞𝚗𝚏𝚕𝚘𝚠𝚎𝚛 တို့နဲ့မျိုးနွယ်တူဖြစ်ပါတယ်။
𝙳𝚊𝚒𝚜𝚢 ဆိုတဲ့နာမည်ကတော့ " 𝙳𝚊𝚢'𝚜 𝚎𝚢𝚎"ဆိုတဲ့ရှေ့ဟောင်းအင်္ဂလိပ်စကားလုံးမှဆင်းသက်လာတာပါ။
𝙳𝚊𝚢'𝚜 𝚎𝚢𝚎 ဆိုတာ နေ့၏မျက်လုံးလို့အဓိပ္ပာယ်ရပြီး နေ့ဖက်မှာပန်းပွင့်တာမို့ 𝙳𝚊𝚢'𝚜 𝚎𝚢𝚎 လို့ခေါ်တာပါတဲ့။
𝙳𝚊𝚒𝚜𝚢 ပန်းဟာ 𝙰𝚙𝚛𝚒𝚕 လရဲ့ပန်းဖြစ်ပြီး နေ ဒါမှမဟုတ် ကြယ်နဲ့တူတာကြောင့် နေကိုကိုယ်စားပြုတယ်လို့ ယူဆကြပါသတဲ့။
𝙳𝚊𝚒𝚜𝚢 ကို မြောက်အမေရိက၊ဥရောပ နဲ့ အာဖရိက တို့အပြင် ကမ္ဘာ့နေရာအနှံ့အပြားမှာတွေ့ရတတ်ပါတယ်။
𝙳𝚊𝚒𝚜𝚢 အမျိုးအစားများစွာရှိပြီး အဓိပ္ပာယ်လည်း အမျိုးမျိုးရှိပါသတဲ့။
ဒီကနေ့မှာတော့ ဒေလီရာကလူသိများတဲ့ ဒေစီပန်းလေးတွေအကြောင်းပြောပြချင်ပါတယ်။
-𝙼𝚒𝚌𝚑𝚊𝚎𝚕𝚖𝚊𝚜 𝙳𝚊𝚒𝚜𝚢 (𝙰𝚜𝚝𝚎𝚛𝚊𝚖𝚎𝚕𝚕𝚞𝚜)လေးကတော့ နှုတ်ဆက်ထွက်ခွာခြင်းကိုရည်ညွှန်းတာပါတဲ့။
-𝙶𝚎𝚛𝚋𝚎𝚛 𝙳𝚊𝚒𝚜𝚢 လို့ခေါ်တဲ့ 𝙶𝚎𝚛𝚋𝚎𝚛𝚊 မျိုးနွယ်၀င်
𝙳𝚊𝚒𝚜𝚢 လေးကတော့ ပျော်ရွှင်မှုလို့အဓိပ္ပာယ်ရပြီး ရိုးသားမှုကို ကိုယ်စားပြုတဲ့ ဖန်းပန်းများနဲ့တွဲပေးလေ့ရှိပါတယ်။
-English 𝙳𝚊𝚒𝚜𝚢 လို့လူသိများတဲ့ Bellis perennis လေးကတော့အပြစ်ကင်းစင်းမှုကို ကိုယ်စားပြုပါသတဲ့။
𝙴𝚗𝚐𝚕𝚒𝚜𝚑 𝙳𝚊𝚒𝚜𝚢 ( 𝙱𝚎𝚕𝚕𝚒𝚜 𝙿𝚎𝚛𝚎𝚗𝚗𝚒𝚜 )ကို
𝙿𝚛𝚒𝚖𝚛𝚘𝚜𝚎𝚜 နဲ့တွဲပေးလျှင်တော့ မိခင်မေတ္တာ လို့ ခေါ်ဆိုပါတယ်။
ဒေစီပန်းလေးဟာ လှပရုံသာမက ဆေးဖက်လည်း၀င်ပါသေးတယ်။
𝙳𝚊𝚒𝚜𝚢 အရွက်များဟာစားသုံးနိုင်ပြီး တချို့က အသုပ်ထဲ၀င်ထည့်သုပ်စားလေ့ရှိပါတယ်တဲ့။
ပန်းရိုင်းဒေစီလက်ဖက်ရည်သည် လယ်ချောင်းနာခြင်းကို သက်သာစေသည့်အပြင် လောလောလက်လက်ဖြစ်သောအနာအတွက်လည်းသွေးသန့်စင်ခြင်းအတွက်အသုံးပြုနိုင်ပါတယ်။(ရိုးရာကုသနည်းများသာဖြစ်ပြီး လက်တွေ့လေ့လာမှုများမရှိပါ။)
𝙳𝚊𝚒𝚜𝚢 ပန်းပွင့်ဟာ အမှန်တကယ်ကြည့်လျှင် ပန်းနှစ်ပွင့်ကိုလိုက်လျောညီထွေးဖြစ်အောင် တစ်ပွင့်တည်းအဖြစ်ပေါင်းစပ်ထားသောကြောင့် "စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ"ကို ကိုယ်စားပြုပါတယ်တဲ့။
ဒေစီပန်းလေးကို တစ်စုံတစ်ယောက်ကိုပေးပို့မည်ဆိုပါက ပေးပို့သူနာမည်ကို လျှို့ဝှက်ထားနိုင်ပြီး ထိုလျှို့ဝှက်ထားခြင်းကပင် တခြားသူတစ်ဦးကို အမှန်တကယ်ချစ်ကြောင်း ပြသတဲ့နည်းဖြစ်တယ်ဟုယူဆနိုင်ပါသတဲ့။
မင်းတို့ 𝙲𝚛𝚞𝚜𝚑 လေးကို ပန်းပေးဖို့စဥ်းစားနေပြီဆိုရင်တော့ လှပပြီး" ချစ်ခြင်းမေတ္တာ"ကို ကိုယ်စားပြုတဲ့ ဒေစီပန်းလေးကို ရွေးဖို့ ဒေလီရာ ကအကြံပေးလိုက်ပါရစေ။