𝙿𝚕𝚞𝚖𝚎𝚛𝚒𝚊
---------------------
ဒီကနေမှာတော့ ဒေလီရာတို့ပတ်၀န်းကျင်မှ နေ့စဥ်မြင်တွေ့နေကျပန်းလှလှလေးအကြောင်းပြောပါချင်ပါတယ်။
ဒီပန်းလေးအမည်က 𝙿𝚕𝚞𝚖𝚎𝚛𝚒𝚊လို့ခေါ်တဲ့ တရုတ်စံကားပန်းလေးပဲဖြစ်ပါတယ်။
တရုတ်စကားပန်းလေးရဲ့ 𝚂𝚌𝚒𝚎𝚗𝚝𝚒𝚏𝚒𝚌 𝙽𝚊𝚖𝚎 ကတော့ 𝙵𝚛𝚊𝚗𝚐𝚒𝚙𝚊𝚗𝚒 ဖြစ်ပါတယ်တဲ့။
တရုတ်စကားပန်းလေးက ဟာ၀ိုင်အီရဲ့ အလေးထားရာပန်းလေးလည်းဖြစ်ပါတယ်။
ဟာ၀ိုင်အီမှာဆို တရုတ်စကားပန်းလေးကို မင်္ဂလာပွဲတွေနဲ့ ပွဲလမ်းသဘင်တွေမှာထည့်သုံးလေးရှိပါတယ်။
ဟာ၀ိုင်အီရဲ့ စိတ်၀င်စားစရာအလေ့အထတစ်ခုလည်းရှိပါသေးတယ်။
တရုတ်စကားပန်းလေးကို အမျိုးသမီးတစ်ယောက်က ဘယ်ဖက်နားမှာပန်ထားမယ်ဆိုရင် ချစ်သူ (သို့မဟုတ်) အိမ်ထောင်ရှိတယ်လို့ယူဆလို့ရပြီး ညာဖက်နားမှာပန်ထားမယ်ဆိုရင်တော့ လူလွတ်ပါတဲ့။
ဟိန္ဒူယဥ်ကျေးမှူမှာတော့ ဒီပန်းလေးကို တစ်စုံတစ်ယောက်ပေါ်ထားရှိတဲ့ မြတ်နိုးမှုသင်္ကေတဖြစ်ပါတယ်တဲ့။
ဒါ့ကြောင့်မို့ မင်္ဂလာအခမ်းအနားတွေမှာ ထည့်သုံးလေးရှိပါတယ်။
တရုတ်စကားပန်းလေးဟာ အနံ့သင်းသင်းလေးရှိသောကြောင့် ရေမွှေးလုပ်ရတွင်လည်း အသုံးပြုပါသတဲ့ရှင်။
တရုတ်စကားပန်းလေးရဲ့ထူးခြားချက်က တော်ရုံမီးရှို့ရုံနဲ့ မီးမစွဲးပါဘူးတဲ့။
ထူးခြားပြီးလှပတဲ့ တရုတ်စကားပန်းလေးရဲ့အဓိပ္ပာယ်ကတော့ အသစ်တဖန်စတင်ခြင်း ၊
ဆွဲဆောင်မှု ၊ ကျက်သရေရှိခြင်း နဲ့ အလှတရားလို့ အဓိပ္ပာယ်ရပါတယ်တဲ့။
တရုတ်စကားပန်းလေးတွေဟာ အရောင်အမျိုးမျိုးရှိကြပါတယ်။
အဖြူ ၊ အနီ ၊ပန်းရောင် နဲ့ အဖြူမှာအ၀ါဖောက်ထားတာရယ် ဆိုပြီး တွေ့ရပါတယ်။
အဖြူရောင်လေးရဲ့အဓိပ္ပာယ်ကတော့ ဖြူစင်ခြင်းကို ကိုယ်စားပြုပါတယ်တဲ့။
အနီ နဲ့ ပန်းရောင်ကတော့ အချစ်ကိုကိုယ်စားပြုပြီး ကိုယ်ချစ်တဲ့သူကိုပေးရန်သင့့်တော်ပါသတဲ့။
အဖြူနဲ့အ၀ါရောထားတဲ့ပန်းလေးကတော့ သူငယ်ချင်းတွေကြားမှာပေးလေ့ရှိပြီး 𝙵𝚛𝚒𝚎𝚗𝚍𝚜𝚑𝚒𝚙ကို ကိုယ်စားပြုလို့ပါတဲ့ရှင်။•••••••
𝚆𝚒𝚔𝚒𝚙𝚎𝚍𝚒𝚊 မှ ကိုးကားထုတ်နှုတ်ထားပါသည်။
•••••••
2023 𝙳𝚎𝚌 21.
ချစ်ခင်စွာဖြင့်...@...ဒေလီရာ***************************************
𝙿𝚕𝚞𝚖𝚎𝚛𝚒𝚊
---------------------
ဆွဲဆောင်မှု ၊ ကျက်သရေရြှိခင်း နဲ့ အလှတရားလို့ အဓိပ္ပာယ်ရပါတယ်တဲ့။
အနီ နဲ့ ပန်းရောင်ကတော့ အချစ်ကိုကိုယ်စားပြုပြီး ကိုယ်ချစ်တဲ့သူကိုပေးရန်သင့်တော်ပါသတဲ့။
•••••••
2023 𝙳𝚎𝚌 21.