𝙽𝚒𝚐𝚑𝚝 𝙵𝚕𝚘𝚠𝚎𝚛𝚒𝚗𝚐 𝙹𝚊𝚜𝚖𝚒𝚗𝚎
----------------------------------------------ဒေလီရာက အချစ်သင်္ကေတပန်းလေးတော်တော်များများနဲ့ မိတ်ဆက်ပေးပြီးပြီ ဆိုတော့ ဒီကနေ့မှာတော့ ဒေလီရာက တစ်ဖက်သက်အချစ်ကို ကိုယ်စားပြုတဲ့ ၀မ်းနည်းဖွယ်ပန်းလေးအကြောင်း ပြောပြပေးချင်ပါတယ်။
ဆိတ်ဖလူးပန်းလို့ပြောလိုက်တာနဲ့ သူ့ရဲ့ပုံပြင်လေးကြောင့် ၀မ်းနည်းမှုလေးကို လူတိုင်းခံစားမိကြတယ်မဟုတ်လား။
ဆိတ်ဖလူးပန်းလေးတွေက တစ်ဖက်သက်ချစ်ခြင်းရဲ့ နာကျင်ကြေကွဲဖွယ်ခံစားချက်ကိုကိုယ်စားပြုပါသတဲ့။
ဆိတ်ဖလူးပန်းလေးကို 𝙽𝚒𝚐𝚑𝚝 𝙵𝚕𝚘𝚠𝚎𝚛𝚒𝚗𝚐 𝙹𝚊𝚜𝚖𝚒𝚗𝚎 လို့ခေါ်တဲ့အပြင် 𝙲𝚘𝚛𝚊𝚕 𝙹𝚊𝚜𝚖𝚒𝚗𝚎,𝚀𝚞𝚎𝚎𝚗 𝚘𝚏 𝚝𝚑𝚎 𝚗𝚒𝚐𝚑𝚝,𝙿𝚊𝚛𝚒𝚓𝚊𝚝 𝙵𝚕𝚘𝚠𝚎𝚛 စသဖြင့် နာမည်းအမျိုးမျိုးနဲ့ ကျော်ကြားပါသေးတယ်။
ရခိုင်လိုဆို ရိုးလှသန္တာပင်လို့လည်းခေါ်ပါသေးသတဲ့။
ဆိတ်ဖလူးပန်းလေးရဲ့ ရူပဗေဒနာမည်က
𝙽𝚢𝚌𝚝𝚊𝚗𝚝𝚑𝚎𝚜 𝙰𝚛𝚋𝚘𝚛-𝚝𝚛𝚒𝚜𝚝𝚒𝚜 ဖြစ်ပြီး ဂရိဘာသာစကားမှဆင်းသက်လာတာပါတဲ့။
𝙽𝚢𝚔𝚑𝚝𝚊 က' ည' ဖြစ်ပြီး 𝚊𝚗𝚝𝚑𝚘𝚜 က 'ပန်း' လို့အဓိပ္ပါယ်ရပါတယ်။
𝙰𝚛𝚋𝚘𝚛-𝚝𝚛𝚒𝚜𝚝𝚒𝚜 (𝚃𝚑𝚎 𝚜𝚊𝚍 𝚝𝚛𝚎𝚎 𝚘𝚛 𝚃𝚛𝚎𝚎 𝚘𝚏 𝚜𝚘𝚛𝚛𝚘𝚠 ) ဆိုတာက "၀မ်းနည်းဖွယ် သစ်ပင်" လို့ဆိုလိုပါသတဲ့ရှင်။
ဘာကြောင့်လဲဆိုရင် ဆိတ်ဖလူးပန်းလေးက ညအခါတွင်သာပွင့်ပြီး နံနက်ခင်းနေရောင်မထွက်ခင်အချိန်မှာ ညှိုးနွမ်းသွားလို့ပါတဲ့။ဆိတ်ဖလူးပန်းလေးတွေကို အာရှတိုက်တောင်ပိုင်း၊အိန္ဒိယ၊ထိုင်း၊ နီပေါ နဲ့ ပါကစ္စတန်တို့မှာအများဆုံးတွေ့ရပြီး ညပိုင်းမှစတင်ပြီး နံနက်အာရုဏ်တက်ချိန်အထိ မွှေးပျံစွာ ပွင့်တတ်ကြပါတယ်။
ဆိတ်ဖလူးပန်းလေးတွေက အနံ့မခံနိုင်သူဆို မူးတဲ့အထိမွှေးကြပါတယ်။
ဆိတ်ဖလူးပန်းလေးတွေက နှစ်စဥ် သြဂုတ်လ မှ ဒီဇင်ဘာလအတွင်းပွင့်တက်ကြပါသတဲ့။ဒေလီရာရှာကြည့်သလောက် ဆိတ်ဖလူးပန်းလေးမှာပုံပြင်အမျိုးမျိုးရှိပေမဲ့ ၀မ်းနည်းဖွယ်ကောင်းပြီး ကျော်ကြားတဲ့ပုံပြင်လေးကို ပြောပြပေးချင်ပါတယ်။