𝙲𝚘𝚜𝚖𝚘𝚜
------------------ဒီကနေ ဒေလီရာက လူတိုင်းသဘောကျပြီး𝙾𝚌𝚝𝚘𝚋𝚎𝚛လရဲ့မွေးလပန်းလေးဖြစ်တဲ့ 𝙲𝚘𝚜𝚖𝚘𝚜ပန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
𝙲𝚘𝚜𝚖𝚘𝚜 ဆိုတဲ့စကားက 𝙺𝚘𝚛𝚖𝚘𝚜 လို့ခေါ်တဲ့ ဂရိဘာသာစကားမှဆင်းသက်လာတာပြီး
" 𝚃𝚑𝚎 𝚆𝚘𝚛𝚕𝚍" ဒါမှမဟုတ် " 𝚄𝚗𝚒𝚟𝚎𝚛𝚜𝚎"ပါတဲ့။𝙲𝚘𝚜𝚖𝚘𝚜 ပန်းလေးတွေရဲ့ 𝙽𝚊𝚝𝚒𝚟𝚎 𝙲𝚘𝚞𝚗𝚝𝚛𝚢 ကတော့ 𝙼𝚎𝚡𝚒𝚌𝚘 နဲ့ 𝚂𝚘𝚞𝚝𝚑 𝙰𝚖𝚎𝚛𝚒𝚌𝚊 ဖြစ်ပါတယ်။
𝙳𝚊𝚒𝚜𝚢 ပန်းလေးတွေနဲ့မျိုးနွယ်သူဖြစ်ပြီး 𝚂𝚞𝚗𝚏𝚕𝚘𝚠𝚎𝚛 𝙵𝚊𝚖𝚒𝚕𝚢 ဖြစ်တဲ့ 𝙰𝚜𝚝𝚎𝚛𝚊𝚌𝚎𝚊𝚎 အုပ်စုကဖြစ်ပါသတဲ့။𝙲𝚘𝚜𝚖𝚘𝚜 ပန်းလေးကို 𝙼𝚎𝚡𝚒𝚌𝚊𝚗 𝙰𝚜𝚝𝚎𝚛 လို့လည်း လူသိများပါသေးတယ်။
𝙲𝚘𝚜𝚖𝚘𝚜 ပန်းလေးက လှပသလို သူ့ရဲ့အဓိပ္ပာယ်ကလည်း အရမ်းကိုချစ်စရာကောင်းပါတယ်။𝙲𝚘𝚜𝚖𝚘𝚜 ပန်းလေးရဲ့အဓိပ္ပာယ်က ပျော်ရွှင်မှု နဲ့ ချစ်ခြင်းမေတ္တာ ပြီးတော့
" 𝙽𝚎𝚟𝚎𝚛 𝚎𝚗𝚍𝚒𝚗𝚐 𝚕𝚘𝚟𝚎 "(ဘယ်တော့မှအဆုံးမသတ်တဲ့ အချစ် ) ပါတဲ့။
မင်းဟာ 𝙲𝚘𝚜𝚖𝚘𝚜 ပန်းလေးရမယ်ဆိုရင်တော့
"𝚈𝚘𝚞 𝚊𝚛𝚎 𝚖𝚢 𝚞𝚗𝚒𝚟𝚎𝚛𝚜𝚎"(မင်းက ကိုယ့်ရဲ့စကြာ၀ဠာ ) လို့ဆိုလိုပါသတဲ့ရှင်။
𝙲𝚘𝚜𝚖𝚘𝚜 ပန်းလေးဟာ 𝙻𝚘𝚟𝚎 𝙵𝚕𝚘𝚠𝚎𝚛 လို့လူသိများပြီး တစ်စုံတစ်ယောက်ရဲ့ လေးနက်တဲ့အချစ် နဲ့ ခံစားချက်ကိုဖော်ပြရာတွင် အသုံးပြုကြပါတယ်။
𝙲𝚘𝚜𝚖𝚘𝚜 ပန်းလေးတွေကို 𝚅𝚊𝚕𝚎𝚗𝚝𝚒𝚗𝚎𝚜 ' 𝚍𝚊𝚢
မှာပေးမယ်ဆိုရင်တော့ "ငါနဲ့အတူ ဘ၀ခရီးလမ်းကို ဖြတ်သန်းကြမယ်" လို့ ဆိုလိုပါသတဲ့ရှင်။လှပတဲ့ 𝙲𝚘𝚜𝚖𝚘𝚜 ပန်းလေးတွေဟာ အဓိပ္ပာယ်ပြည့်စုံသလို အရောင်အသွေးလည်းစုံလင်ပါတယ်။
𝙲𝚘𝚜𝚖𝚘𝚜 ဟာ အဖြူရောင်၊ ပန်းရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင် နဲ့ နီညိုရောင် (ကြက်သွေး) ဆိုပြီး ရှိပါသတဲ့။𝙲𝚑𝚘𝚌𝚘𝚕𝚊𝚝𝚎 𝙲𝚘𝚜𝚖𝚘𝚜 လို့လူသိများတဲ့ နီညိုရောင်
𝙲𝚘𝚜𝚖𝚘𝚜 လေးကတော့ လူကြိုက်အများဆုံးဖြစ်ပါတယ်။
တခြားအရောင်တွေက 𝚅𝚊𝚗𝚒𝚕𝚕𝚊 အနံ့သင်းသင်းလေးရှိပြီး 𝙲𝚑𝚘𝚌𝚘𝚕𝚊𝚝𝚎 𝙲𝚘𝚜𝚖𝚘 လေးကတော့ထူးထူးခြားခြား 𝙲𝚑𝚘𝚌𝚘𝚕𝚊𝚝𝚎 အနံ့လေးရှိလို့ 𝙲𝚑𝚘𝚌𝚘𝚕𝚊𝚝𝚎 𝙲𝚘𝚜𝚖𝚘𝚜 လို့ခေါ်တာပါတဲ့။