𝙲𝚕𝚘𝚟𝚎𝚛 (𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 )
---------------------------------𝙲𝚕𝚘𝚟𝚎𝚛 လို့ပြောလိုက်တာနဲ့ လူတိုင်းက အစိမ်းရောင်အရွက်သေးသေးလေး သုံးရွက် (ဒါမှမဟုတ်) လေးရွက် ရှိတဲ့ အပင်သေးသေးလေးကို ပြေးမြင်မိကြတယ်ဟုတ်။
ဒီကနေ့ ဒေလီရာ က 𝙲𝚕𝚘𝚟𝚎𝚛 (𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 )
လေးအကြောင်းကို တိတိကျကျလေး ပြောပြပေးမှ𝙲𝚕𝚘𝚟𝚎𝚛ာပါ။
လူတိုင်းက 𝙲𝚕𝚘𝚟𝚎𝚛 လို့သိကြတဲ့ အပင်သေးသေးလေးတွေရဲ့ နောက်နာမည်တစ်မျိုးက𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖
ပါ။
𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 ဆိုတာ လက်တင်စကားမှလာပြီး𝚃𝚛𝚒က သုံးရွက်ဆိုတာကိုရည်ရွယ်တာပါတဲ့။
ဒါကြောင့် အများအားဖြင့် 𝙲𝚕𝚘𝚟𝚎𝚛 (𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 )
မှာအရွက်သုံးရွက်ပဲရှိပါတယ်။( သုံးရွက်ထက်ပိုများတာလည်း ရှိပါတယ်။)
𝙲𝚕𝚘𝚟𝚎𝚛 (𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 )ကို သြစတေးလျမှလွဲပြီး ကမ္ဘာတစ်၀မ်းလုံးတွင်တွေ့ရတတ်ပါတယ်။
𝙲𝚕𝚘𝚟𝚎𝚛 အစိမ်းရောင်မှာ လူသိများပြီး အနီ၊အ၀ါ ၊ပန်းရောင် နဲ့ အဖြူရောင်ဆိုပြီးလည်း အမျိုးမျိုးရှိပါသေးတယ်။
𝙲𝚕𝚘𝚟𝚎𝚛 အမျိုးအစားများစွာရှိတဲ့ထဲမှ ဒေလီရာက လူသိများတဲ့ 𝙲𝚕𝚘𝚟𝚎𝚛 လေးတွေအကြောင်းပြောပြချင်ပါတယ်။
အရွက်သုံးရွက်နဲ့ 𝙲𝚕𝚘𝚟𝚎𝚛 (𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 )
လေးရဲ့အဓိပ္ပာယ်က "ယုံကြည်ခြင်း"၊ "မျှော်လင့်ခြင်း" နဲ့ "ချင်ခြင်းမေတ္တာ" တို့ဖြစ်ပါတယ်။
𝙵𝚘𝚞𝚛 𝙻𝚎𝚊𝚏 𝙲𝚕𝚘𝚟𝚎𝚛 လေးကိုတွေ့ရင်တော့ မင်းဟာ ကံကောင်းလို့ပါတဲ့။
-𝙵𝚘𝚞𝚛 𝙻𝚎𝚊𝚏 𝙲𝚕𝚘𝚟𝚎𝚛 (𝙻𝚞𝚌𝚔𝚢 𝙲𝚕𝚘𝚟𝚎𝚛 )
လူသိများတဲ့ 𝙵𝚘𝚞𝚛 𝙻𝚎𝚊𝚏 𝙲𝚕𝚘𝚟𝚎𝚛 ကိုတော့
𝙻𝚞𝚌𝚔𝚢 𝙲𝚕𝚘𝚟𝚎𝚛 လို့ခေါ်ပါသတဲ့။
𝙻𝚞𝚌𝚔𝚢 𝙲𝚕𝚘𝚟𝚎𝚛 လေးမှာလည်း တစ်ရွက်ချင်းစီမှာ အဓိပ္ပာယ်တစ်မျိုးစီရှိပါတယ်။
𝙵𝚘𝚞𝚛 𝙻𝚎𝚊𝚏 𝙲𝚕𝚘𝚟𝚎𝚛ရဲ့ပထမအရွက်သုံးရွက်က 𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 နဲ့ အဓိပ္ပာယ်တူပြီး "ယုံကြည်ခြင်း၊" ချစ်ခြင်းမေတ္တာ" နဲ့ "မျှော်လင့်ခြင်း"ကိုရည်ရွယ်ပြီး။နောက်ဆုံးအရွက်လေးကတော့ "ကံကောင်းခြင်း" ကိုကိုယ်စားပြုပါသတဲ့ရှင်။
(နေရာ၊ဒေသ နဲ့ စိုက်ပျိုးပုံအလိုက် အရွက်များတိုးသွားသည် ဟုလည်းဆိုပါသည်။)
တချို့ယဥ်ကျေးမှုမှာတော့ 𝙵𝚘𝚞𝚛 𝙻𝚎𝚊𝚏 𝙲𝚕𝚘𝚟𝚎𝚛 (𝙻𝚞𝚌𝚔𝚢 𝙲𝚕𝚘𝚟𝚎𝚛 )ကို "ကျန်းမာရေး"၊ " အချစ်ရေး " ၊ "ငွေ " နဲ့ "ကျော်ကြားမှု"ကို ရည်ရွယ်ပါသတဲ့။
-𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 𝙵𝚛𝚊𝚐𝚒𝚏𝚎𝚛𝚞𝚖
𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 𝙵𝚛𝚊𝚐𝚒𝚏𝚎𝚛𝚞𝚖 ကို 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢 𝙲𝚕𝚘𝚟𝚎𝚛 လို့လူသိများပြီး 45𝚌𝚖 အထိမြင့်တတ်ပါတယ်။
𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 𝙵𝚛𝚊𝚐𝚒𝚏𝚎𝚛𝚞𝚖 ဟာ လုံး၀န်းပြီး ပန်းရောင်အပွင့်များပွင့်တတ်ပါသတဲ့။
-𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 𝚂𝚌𝚊𝚋𝚛𝚞𝚖
𝚃𝚛𝚒𝚏𝚘𝚕𝚒𝚞𝚖 𝚂𝚌𝚊𝚋𝚛𝚞𝚖 ကို ကြမ်းတမ်းတဲ့ 𝙲𝚕𝚘𝚟𝚎𝚛
လို့လူသိများပြီး 25 𝚌𝚖 အထိမြင့်တတ်ပါတယ်။
အဖြူရောင်ပန်းပွင့်များပွင့်တတ်တဲ့ 𝙲𝚕𝚘𝚟𝚎𝚛 မျိုးစိပ်ဖြစ်ပါတယ်။
𝙲𝚕𝚘𝚟𝚎𝚛 ဟာ စသည့် အဓိပ္ပာယ်ပေါင်းများစွာနဲ့ ဆန်းပြားတဲ့အပင်ဖြစ်သလို ဆေးဖက်လည်း၀င်ပါသတဲ့။
𝙲𝚕𝚘𝚟𝚎𝚛 အရွက်ဟာ ၊မဂ္ဂနီစီယမ်် ၊ ပိုတက်စီယမ််၊ကယ်လ်စီယမ်် တို့ကိုထောက်ပံ့ပေးပြီး
အအေးမိခြင်း၊ ရောင်ရမ်းခြင်း ၊ ၀မ်းလျောခြင်းကို သက်သာစေပါတယ်။
တချို့က 𝙲𝚕𝚘𝚟𝚎𝚛 ကို အသုပ်ထဲတွင် ထည့်သုပ်စားတတ်ပြီး တစ်ချို့ကပြုတ်ရည်အဖြစ် လုပ်စားတတ်ကြပါသတဲ့ရှင်။