𝙶𝚞𝚖𝚔𝚒𝚗𝚘 𝙵𝚕𝚘𝚠𝚎𝚛 ( 𝙿𝚊𝚍𝚊𝚞𝚔 𝙵𝚕𝚘𝚠𝚎𝚛 )

8 0 0
                                    

𝙶𝚞𝚖𝚔𝚒𝚗𝚘 𝙵𝚕𝚘𝚠𝚎𝚛 ( 𝙿𝚊𝚍𝚊𝚞𝚔 𝙵𝚕𝚘𝚠𝚎𝚛 )
--------------------------------------------------------------

ပိတောက်ပန်း လို့ပြောလိုက်တာနဲ့ ကမ္ဘာဟာ
မြန်မာနဲ့တွဲမြင်ရလောက်တဲ့အထိ မြန်မာနိုင်ငံရဲ့ အမြတ်တနိုးတန်ဖိုးထားရာပန်းမှန်း လူတိုင်းသိကြတယ်မဟုတ်လား။

ဒီကနေမှာတော့ ဒေလီရာက မြန်မာနိုင်ငံရဲ့ 𝙽𝚊𝚝𝚒𝚘𝚗𝚊𝚕 𝙵𝚕𝚘𝚠𝚎𝚛 ဖြစ်တဲ့ ပိတောက်ပန်းလေးအကြောင်းပြောပြပေးချင်ပါတယ်။

ပိတောက်ပန်းဆိုတဲ့စကားဟာ ပျားတောက်ပန်း၊
ပျတောက်ပန်း ဆိုတဲ့စကားမှဆင်းသက်လာတာဖြစ်ပြီး 'ပိ'ကို အသံထွက်စေချင်တာမဟုတ်ဘဲ 'ပ ' ကိုအသံထွက်စေချင်လို့"ပိတောက်ပန်း"လို့ခေါ်တာပါတဲ့။
ပိတောက်ပန်းဟာ မြန်မာတို့ရဲ့ 𝙽𝚊𝚝𝚒𝚘𝚗𝚊𝚕  𝚂𝚢𝚖𝚋𝚘𝚕
(အမျိုးသားရေးအမှတ်လက္ခဏာ )လည်းဖြစ်ပါတယ်။

ပိတောက်ပန်းဟာ  မြန်မာ၊လာအို၊ထိုင်း၊အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ ခြောက်သွေ့တဲ့ ရာသီတွင်သာပေါက်ရောက်တက်ပါတယ်။

ပိတောက်ပန်းဟာ တစ်နှစ်မှာတစ်လ ၊တစ်လမှာမှတစ်ရက်သာပွင့်ကြပါတယ်။
အဲ့တစ်ရက်ဟာလည်း မြန်မာတို့ရဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးကာလဖြစ်တဲ့  တန်ခူးလ အတာရေသဘင်ပွဲတော်အခါသမယတွင်သာ ပွင့်တက်ပါတယ်။
အေးမြသောရေ ၀င်း၀ါသောပိတောက်ဟာ ခွဲမရတဲ့ လှပတဲ့အတွဲညီမှုပါပဲ။

ရေသဘင်ပွဲတော်ဟာ ရှေးယခင်ဘုရင်များလက်ထက်မှစတင်ခဲ့တာပါတဲ့။
နှစ်ဟောင်းမှအညစ်အကြေးများကို ပပျောက်စေရန်၊စိတ်၏ဆင်းရဲခြင်း၊ကိုယ်၏ဆင်းရဲခြင်းများ ပပျောက်ပြီး နှစ်သစ်မှာ စိတ်သစ်၊လူသစ်ဖြင့် ဘ၀ခရီးကိုစတင်နိုင်ရန် ရည်ရွယ်ပြီး မင်းညီမင်းသား၊ မိဖုရား၊ နန်းတွင်းမှာတာ၀န်ထမ်းဆောင်သူများကို ဘုရင်က ချစ်ခင်လေးစားစွာဖြင့် သပြေခက်နှင့် ရေဆွတ်ဖျန်းပေးခြင်းမှစ၍ ရေသဘင်ပွဲ ပေါ်ပေါက်လာခဲ့တာဟု မှတ်သားဖူးပါသည်။
ထိုနှစ်သစ်ကူးအခါသမယတွင် ပိတောက်ပန်းဟာ ပင်လုံးကျွတ်ဝေဝေဆာဆာပွင့်တတ်ကြပါတယ်။

"မြန်မာ ၊နွေရာသီ၊ ရေသဘင်ပွဲ၊ ရွှေ၀ါရောင်ပိတောက်ပန်း " သိပ်ကိုလှပတဲ့ ပေါင်းစပ်မှုပါပဲ။
ပိတောက်ပန်းဟာ 𝙽𝚊𝚝𝚒𝚘𝚗𝚊𝚕 𝙵𝚕𝚘𝚠𝚎𝚛
ဖြစ်ရုံသာမက မြန်မာအမျိုးသမီးတို့ရဲ့ အသည်းကျော်ပန်းလည်းဖြစ်ပါတယ်။
မြန်မာအမျိုးသမီးများဟာ ဦးဦးဖျားဖျားပွင့်တဲ့ ပိတောက်ပန်းကို ဘုရားကပ်ခြင်း၊မိမိဦးထိပ်တွင်ပန်ဆင်ခြင်းကို အထူးပင်နှစ်သက်ကြပါတယ်။
ပိတောက်ပန်းပွင့်ချိန်ဆို မြန်မာအမျိုးသားများကလည်း အဦးဆုံးပွင့်တဲ့ပိတောက်ပန်းကို မိမိ၏ချစ်သူကောင်မလေးအတွက်  မီတာ ၃၀လောက်မြင့်တဲ့ပိတောက်ပင်ပေါ်တက်၍ အလှဆုံးအခိုင်ကိုရွေးကာ ဦးဦးဖျားဖျားခူးပေးတဲ့ဓလေ့ဟာလည်း လူငယ်များကြားမှာ သိပ်ကိုလှပပြီးနာမည်ကြီးပါတယ်။

𝙵𝙻𝙾𝚆𝙴𝚁'𝚂 𝚂𝚃𝙾𝚁𝙸𝙴𝚂.Where stories live. Discover now