1

151 14 4
                                    

'' သားပြန်ရောက်ပါပြီ''

အိမ်ကထွက်အသွားတုန်းက တက်ကြွနေသလောက် အိမ်ပြန်အရောက်မှာတော့ fotတစ်ယောက် တက်ကြွမှုအရိပ်အယောင်တို့ စိုးစေးမျှမရှိတော့ပေ။

ဟုတ်ပါသည်လေ ကိုယ်ရကိုရပြီဟု အပိုင်တွက်ထားသောအလုပ်ကို အင်တာဗျူးကျရသည့်ခံစားချက်ဟာ ခံစားဖူးသည့်သူတွေကသာ ဘယ်လောက်နာကျင်ရသလဲအသိဆုံးဖြစ်မှာပါ။

''N'fotfot အဆင်ပြေရဲ့လား လာပါအုံး မမစီကို''

''မမသာ့ဒ်....''

fotဟာကလေးလေးတစ်ယောက်နှယ် အမဖြစ်သူ၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာချွဲနေလေရဲ့။

သည်လိုအချွဲလေးက သည်လိုအချော့ကြိုက်တာကိုလဲ သာ့ဒ်ကသိပါသည်။
ဒါကြောင့်လဲ fotfotလေးကိုဖက်ကာ နှစ်သိမ့်ပေးနေမိသည်။
သူ့မှာလဲ မောင်ဆိုးလေး ဒီတယောက်ပဲရှိသည်ကိုးး ဒီအဆိုးလေးကို သူမှမချစ်လျှင် မည်သူချစ်မည်နည်း..

''အံမယ်လေး အမေဖြစ်သူကိုလဲ ချွဲဖို့ချန်ပါအုံးလားး သားငယ်''

မီးဖိုချောင်ကထွက်လာတဲ့အမေဖြစ်သူကိုတွေ့ပြန်တော့ fotတယောက် ပက်ကျိအရှုံးပေးရအောင် စချွဲပါတော့သည်။

''မယ့်.....''

အမဖြစ်သူရင်ခွင်ထဲကနေ အမေဖြစ်သူရင်ခွင်ထဲကို လှစ်ကနဲပြေး၍ဝင်သွားသည်။

''ပြောပါအုံး မယ့်ရဲ့သားလေးကဘယ်နေရာမှာအဆင်မပြေလို့တဲ့လဲ''

''သားက အကုန်အဆင်ပြေတယ် မေမေရဲ့
သားထက်ပိုအဆင်ပြေတဲ့သူတွေပါလာတာဗျ..''

ပြောရင်းနဲ့ပင် မျက်လုံးအိမ်တို့မှာနီရဲလာကာ ငိုသံအနည်းငယ်ပေါက်လို့သွားသည်။

fotတွင်အကျင့်တစ်ခုရှိသည်
သူဘာပဲလုပ်လုပ်သူအတတ်နိုင်ဆုံး အစွန်းစွန်ထိလုပ်သည် လုပ်ပြီးလျှင်ဘယ်တော့မှကိုယ့်ကို ယုံကြည်ချက်အပြည့်အဝမထားပေ။
မဟုတ် မဟုတ် အစပိုင်းတွင်သာ ယုံကြည်ချက်ရှိသည် ဆိုတာပိုမှန်မည်။
ယုံကြည်ချက်ထားပြီးရင်အခြားသူနှင့်ကိုယ့်ကိုကိုယ်ပြန်နှိုင်းယှဥ်တတ်ကာစိတ်ဓာတ်ကျတတ်မြဲဖြစ်သည်။
(သူကိုယ်သူ ယုံကြည်လိုက်လျှင် အမှားတခုခု အလွဲတခုခုပေါ်လာသည်ဟု ယုံကြည်နေသူဖြစ်သည်)

2OFUS (two of us)(GF)Where stories live. Discover now