3

88 10 1
                                    


''ရှင်!!! ''

သာ့ဒ်ဟာ အံသြကြီးစွာနဲ့ အမေဖြစ်သူပြောစကားကိုမယုံကြည်နိုင်လောက်တော့အထိကိုဖြစ်လို့သွားတယ်

'' သမီးလေး ကောင်းစားဖို့ပါ သာ့ဒ်ရယ် အမေတောင်းပန်ပါတယ်''

ပြောရင်းနဲ့ပင် အမေဖြစ်သူလဲ မျက်ရည်တွေကျလာကာ ခေါင်းကိုငုံ့ချလိုက်တယ် အသံတွေဟာလဲ တုန်ယင်လို့နေတယ်

သားသမီးရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့အမေတစ်ယောက်ဖြစ်ချင်ပါသည်။
သို့သော်ငြားလည်း သားသမီးပင်ပန်းဆင်းရဲနေသည်ကိုလဲ မကြည့်ရက်ပေ။

''သာ့ဒ် လက်ထပ်လိုက်ရင် သာ့ဒ်ဖြစ်ချင်တဲ့ ဒီဇိုင်နာအလုပ်ကရော...သာ့ဒ်..သာဒ့်ukသွားပီ uniတက်ရမဲ့ကိစ္စကရော..အမေ..သာ့ဒ်..သာ့ဒ် လက်မထပ်ချင်ဘူး အမေ....''

အမေဖြစ်သူမှာ ယခင်နေမြဲအတိုင်းပင် ခေါင်းငုံ့ကာ
အသံတိတ်ငိုကြွေးလို့နေသည်။

........




''ကြွကြပါခင်ဗျာ..''

ဖေဖေဒီနေ့အရေးကြီးတဲ့ဧည့်သည်နဲ့တွေ့ဖို့ရှိလို့တဲ့
ဂျမ့်ကိုမူကြိုက ကြိုပြီးအပြန်မှာ အိမ်တစ်အိမ်ထဲဝင်လာခဲ့တယ်..

အိမ်ကြီးက ဂျမ်တို့အိမ်လိုမျိုးပဲ အကြီးကြီးပဲ ခြံကြီးကလဲအကျယ်ကြီးပဲ အိမ်ကြီးရှေ့မှာလဲ ဂျမ်သဘောကျတဲ့ ကားတွေအများကြီးရှိတယ်

''ဟော ဒါလေးက သားသားဂျမ်မနိုင်လေးပဲဖြစ်ရမယ်''

ဦးဦးတစ်ယောက်က ဂျမ့်ကိုပြုံးပြပြီးမေးတော့
ဂျမ်လဲခေါင်းညိတ်ပြလိုက်တယ်

''သားဂျမ်..ပါး အလုပ်ကိစ္စပြောလိုက်အုံးမယ်နော် သားခြံထဲခဏသွားဆော့နေနော်''

''ဟုတ် ပါး''




ဂျမ် ခြံထဲပြေးထွက်လို့လာခဲ့တယ်
ပါး နားမှာနေရင်လဲပျင်းဖို့ကောင်းမှာဂျမ်သိတယ်

ဂျမ်ခြံအကျယ်ကြီးထဲ ယောင်လည်လည် လျှောက်သွားလို့နေမိတယ်

ပျင်းလိုက်တာနော်..
ဆော့ဖော်လဲမရှိ...အာ့...

''သခင်လေး ဖို့စ် ဘယ်လိုများပစ်လိုက်တာလဲကွယ် သူများကိုထိကုန်ပြီကွဲ့''

2OFUS (two of us)(GF)Where stories live. Discover now