Gemini Norawit..
Norawitမျိုးရိုးဆိုလျှင် ထိုင်းနိုင်ငံတွင်မသိသူမရှိ။
နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီး
''ခွန်ထီယွန် နိုရာဝစ်''ဟာ မိသားစုရဲ့ အခရာအမွေများကို အဓိကပိုင်ဆိုင်သော အကိုအကြီးဆုံး...
လူချမ်းသာမိသားစုပီပီ အိမ်တွင်းပဋိပက္ခများ၊အမွေခွဲဝေမှု ကတောက်ကဆများစွာရှိလေ၏။
နိုရာဝစ်မျိုးရိုး၏ အထွေးဆုံးသားဖြစ်သူ
''ခွန်ထီရာပကွန် နိုရာဝစ်''ဟာ ထိုပြဿနာမီးများ၏ မူလအစမီးပွားလေးပင်။
မျိုးရိုးအမွေများကို တစ်ဦးတည်းလက်ဝါးကြီးအုပ်မည့်ရည်ရွယ်ချက်ဖြင့်ရှင်သန်နေထိုင်လာသူ...
သူ့အတွက် အပိတ်အဆို့တစ်ခုမှာ
ခွန်ထီယွန်၏ အမွေစားအမွေခံ တစ်ဦးတည်းသောသား ''ခွန်ဂျမ်မနိုင် နိုရာဝစ်''......
.
.
.
.
.
.
.
.Fourth Nattawat
အထည်ကြီးပျက်မိသားစုတစ်ခုဆိုလျှင် မမှားပေ။
ဖခင်ဖြစ်သူ ''ခွန်စုန်ရာထာ နပ်ထဝပ်''၏အမှတ်မထင်သေဆုံးမှုနှင့်အတူ ရှယ်ယာများဆုံးရှုံးခဲ့ရခြင်းကြောင့် နေ့ချင်းညချင်း လူချမ်းသာဘဝမှ လူဆင်းရဲဘဝသို့ မျက်စိတမှိတ်အတွင်းကူးပြောင်းခဲ့ရသည်။
မိခင်ဖြစ်သူ''မိုင်ထီရတ် နပ်ထဝပ်''တစ်ဦးတည်းကြိုးပမ်းအားထုတ်ကာ သားဖြစ်သူ
''ဖို့ဝ်(ဖော့ခ်)နပ်ထဝပ်''နှင့် သမီးဖြစ်သူ
''သာ့ဒ် နပ်ထဝပ်''တို့ကိုကျွေးမွေးပြုစုလာခဲ့သည်။ယခုအချိန်တွင်fotရဲ့ဘဝလေးဟာ အမေဖြစ်သူ အမဖြစ်သူတို့နှင့် အေးချမ်းစွာနေထိုင်နေသော သာမန်ရပ်ကွက်ကလေးမှ လူငယ်လေးတစ်ယောက်ပင်...
တည်ငြိမ်နေသောရေပြင်လေးစီသို့ကြောက်မက်ဖွယ်မုန်တိုင်းကြီးတခုဟာ ကျရောက်လို့လာပါတော့မယ်...
ထိုမုန်တိုင်းကြီးသည် လာမယ်မှန်း ကြိုတင်သတိမပေးတတ်သလို...
ဘယ်အချိန်မှထွက်သွားမယ်မှန်းလဲ ဘယ်သူမှမသိနိုင်ပါချေ။A/N Gemini(gem)
Fourth(fot)ကဲ့သို့သာ နာမည်များအားလုံးကို အဖျားစွတ်အသုံးပြုသွားပါမည်^^12:15
VeN~
YOU ARE READING
2OFUS (two of us)(GF)
Fanfic'' ငါတို့က ကိုယ်စီဆန္ဒတွေပြည့်ဝဖို့ ဟန်ဆောင်နေကြယုံပဲ အဆင့်တက်လာဖို့ မစဥ်းစားနဲ့ Fourth Nattawat '' (Gemini Norawit) '' မင်းကြိုက်သလိုလုပ်ခွင့်ရှိတယ်gem အေး အဲ့ဒီ့ကြိုက်သလိုဆိုတဲ့အထဲမှာ ငါမင်းအပေါ်ထားတဲ့ခံစားချက်တွေတော့မပါဘူး '' (Fourth Nattawat)