''fot.. fot..မင်းငါ့ကိုဘယ်ခေါ်သွားမလို့လဲကွ ကြီးကြီးတို့ငါတို့ကိုစိတ်ပူနေတော့မယ်''
အသက်၈နှစ်အရွယ်ကလေးနှစ်ယောက်ခိုးကြောင်ခိုးဝှက် ခြံဝင်းအပြင်သို့ထွက်လာခဲ့ကြခြင်းဖြစ်သည်။
ကော့တော့ကောတော့နှင့်အရှေ့မှဦးဆောင်လမ်းလျှောက်နေသောfotက စိတ်ပျက်ပါတယ်ဆိုသော မျက်နှာဘေးနှင့် အသည်းးယားစရာမျက်စောင်းလေးကိုgemဆီသို့ပို့ဆောင်လိုက်သည်။
လမ်းလျှောက်နေရာမှခဏရပ်ကာ လက်တိုတိုလေးတွေကို ယှက်ကာပိုက်လိုက်ပြီး''အူဝီး....gem မင်းက ကြောက်တတ်တဲ့ကြောင်ပေါက်လေးလားကွ တွေးပူမနေစမ်းပါနဲ့ ငါတို့ခိုးထွက်လာတာ ဘယ်သူမှမသိဘူး ဟိုဘက်နားလေးဆိုရင်ရောက်ပြီ ခဏလေးပဲသွားရတော့မှာ''
fotတစ်ယောက် မနက်စာစားပြီးပြီးချင်းပဲ အိမ်ကိုရောက်လာတဲ့gemကိုလက်ဆွဲခေါ်လာကာ ခြံအပြင်သို့ ပြစရာရှိသည်ဟုဆိုရာ ခိုးထွက်လာခဲ့ကြခြင်းဖြစ်သည်။
မနက်ပိုင်းဆို လူရှုပ်သည့်အတွက် အားလုံးက ဗျာများနေကြသည်ကိုအခွင့်ကောင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
သူတို့ခင်လာခဲ့သည်မှာ ၃နှစ် ကျော်၍လာခဲ့ပြီး ၄နှစ် ပြည့်ခါနီးလေးဖြစ်၍နေလေပြီ။
fotက တက်ကြွလွန်းပြီး စူးစမ်းလိုစိတ်ပြင်းပြတယ် ပြဿနာ၊အလွဲတွေကိုလဲလုပ်တတ်ပါသေးတယ်။gemကကျfotနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။
အသက်အရွယ်ငယ်ပါသော်လည်း တည်ငြိမ်သည်။
လူကြီးပြောစကားကို တစ်သွေမတိမ်းလုပ်ဆောင်တတ်သူလည်းဖြစ်သည်။
အခုလိုခိုးထွက်တယ်ဆိုတာ သူ့ဘဝရဲ့ပထဆုံးအကြိမ်ဖြစ်သည်။fotဟာ ရှေ့ကိုအနည်းငယ်လောက်ဆက်လျှောက်သွားတော့ ရပ်ကွက်ကစားကွင်းငယ်လေးတစ်ခုကိုရောက်လို့သွားတယ်။
ကစားကွင်းလေးက သိပ်မကျဥ်းသလို အရမ်းကြီးလဲမကျယ်ပါ။လျှော၊ဒန်း၊စီးဆော စသည်ဖြင့် ကစားစရာလေးတွေရှိပါသည်။ကစားကွင်းပတ်ဝန်းကျင်မှာလဲ ပန်းလေးတွေအစုံအလင်စိုက်ပျိုးထားသည်။
ပန်းပင်လေးတွေစိုက်ပျိုးထားတာ အုတ်ဘောင်လေးတွေရဲ့ကပ်လျက်မှာတော့ သစ်သားခုံတန်းရှည်လေးတွေ နှစ်ခုသုံးခု ချထားသည်။
YOU ARE READING
2OFUS (two of us)(GF)
Fanfiction'' ငါတို့က ကိုယ်စီဆန္ဒတွေပြည့်ဝဖို့ ဟန်ဆောင်နေကြယုံပဲ အဆင့်တက်လာဖို့ မစဥ်းစားနဲ့ Fourth Nattawat '' (Gemini Norawit) '' မင်းကြိုက်သလိုလုပ်ခွင့်ရှိတယ်gem အေး အဲ့ဒီ့ကြိုက်သလိုဆိုတဲ့အထဲမှာ ငါမင်းအပေါ်ထားတဲ့ခံစားချက်တွေတော့မပါဘူး '' (Fourth Nattawat)