2

157 14 7
                                    




ဘန်ကောက်မြို့ရဲ့ဆောင်းတွင်းမနက်ခင်းဟာအေးစိမ့်စိမ့်နှင့်နေသာထိုင်သာရှိလေသည်။

အပင်များအုပ်မှိုင်းမှိုင်းကြားထဲမှ နေပြောက်လေးများအနည်းငယ်ထိုးနေသောကြောင့် အနွေးဓာတ်လေးလဲရ၏။

ထိုနေပြောက်လေးများက fot၏အခန်းပြတင်းပေါက်လေးမှတစ်ဆင့် အိပ်ရာဖြူလေးထက်သို့ ဖြာကျလို့နေသည်။
ယင်းအိပ်ရာဖြူလေးအတွင်း စောင်လေးခြုံကာကွေးကွေးလေးနှင့်နှပ်နေသူမှာတော့ fotပင်။

မနေ့ညကအလုပ်အင်တာဗျူးများတင်နေ၍ ညဥ့်နက်မှသူအိပ်ရသည်။
ဒါကို အမေနဲ့အမဖြစ်သူက သိ၍ယခုအချိန်ထိလာမနိုးခြင်းဖြစ်ပေလိမ့်မည်။

အထက်တန်းအောင်ပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်ခဲ့တဲ့အချိန်တွေတုန်းကလဲ ယခုကဲ့သို့ပင် ပင်ပင်ပန်းပန်းကြိုးစားခဲ့ရသည်။

တက္ကသိုလ်အောင် ဘွဲ့ရပြန်တော့လည်း အလုပ်ရရန် မနားမနေကြိုးစားနေရပြန်သည်။

fotဟာအလုပ်ကြိုးစားသည့်သူဖြစ်ပါသည်။
လုပ်သမျှအလုပ်တိုင်းကိုလဲ စိတ်ပါဝင်စားစွာ လုပ်ဆောင်တတ်သည်။

သူ၏အကြီးမားဆုံး အားနည်းချက်မှာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိခြင်းပင်။

ဆုံးဖြတ်ချက်ကြီးကြီးမားမပြောနှင့်'' ဒီနေ့အကျီ်ကိုဘာအရောင်နဲ့တွဲဝတ်ရမလဲ''စသည်ဖြင့် တိုလီမိုလီကိစ္စအသေးအမွှားလေးမှအစ အမဖြစ်သူကိုမေးလျှင်မေး မမေးလျှင်အမေကိုမေးလေ့ရှိသည်။
အမေနှင့်အမသာမရှိလျှင်fot၏ဘဝဟာ
မတွေးရဲစရာ။

ပိတ်ထားသည့်မျက်ခွံလေးပေါ်သို့ နေရောင်ခြည်နွေးနွေးလေးကျရောက်လာ၍ မျက်စိမှိတ်လျက်သားနှင့်အလင်းရောင်အချို့ကို ခံစားမိလိုက်သည်။

ဆောင်းတွင်းအေးစိမ့်စိမ့်မနက်ခင်းတွင်အိပ်ယာ
ထရသည်မှာ စစ်တိုက်နေရသည့်နှယ်ခက်ခဲလွန်းလှသည်။
ခက်ခဲသော်ငြားလည်း ထမှရမည်။

fotဟာ သူ့ကိုယ်သူ လူကြီးတစ်ယောက်ဖြစ်နေပြီဟု ခံယူထားသည်။
အမေနှင့်အမတို့လုပ်နိုင်တာမှန်သမျှကို သူလုပ်နိုင်သည်ကိုပြသနိုင်လျှင် သူ့ကိုကလေးလိုဆက်ဆံကြတော့မည်မဟုတ်

2OFUS (two of us)(GF)Where stories live. Discover now