My baby bear

139 9 0
                                    

" လောကရဲ့စည်းမျဥ်းဥပဒေအရ မင်းသူ့ကိုချစ်တာက လွတ်လပ်မှုဖြစ်ပြီးတော့ ကိုယ်မင်းကိုချစ်တာကနာကျင်မှု။ "

Author - Kitt(Su)

________________________________________________________

MY BABY BEAR .

" အစ်ကိုဂျယ်ဟျွန်း! ကျွန်တော့်ကို အစ်ကိုထယ်ဆန်းဘယ်မှာနေလဲဆိုတာပြောပြပါ။ "

" ဘာလုပ်မလို့လဲ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေတော့မဲ့လူက စာကိုအာရုံမစိုက်ပဲနဲ့ဘာတွေမေးနေတာလဲ။ "

" ကျွန်တော်တကယ်သိချင်လို့ပါ။ အစ်ကိုသာပြောပြမယ်ဆိုရင် ကျွန်တော့်ဝမ်းကွဲ အစ်ကိုဆောင်းဟိုရဲ့ဖုန်းနံပါတ်ပြောပြမယ်။ "

" အစ်ကိုက မင်းအစ်ကိုဖုန်းနံပါတ်ဘာလုပ်ရမှာလဲ။ "

" မလိမ်ပါနဲ့။ အစ်ကိုလည်း အစ်ကိုဆောင်းဟိုကိုသဘောကျနေတာမလား။ "

" ဘာတွေပြောနေပြန်တာလဲ ဒီကလေးကတော့!
အစ်ကိုက အဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး။ ကဲ စာလုပ်ပါတော့ အွန်းဟက်ရယ်။ ဒူးထောက်ပါတယ်။ "

" ဒါဆို လိပ်စာပေးလေ။ "

- ဂျယ်ဟျွန်းသက်ပြင်းချလိုက်ကာ အွန်းဟက်ကိုလက်ပိုက်ပြီးကြည့်လိုက်သည်။ သူနဲ့ အွန်းဟက်ကအများကြီးမဝေးသောဘေးအိမ်ကပ်ရပ်တွင်နေကြတာဖြစ်သည်။ ငယ်ငယ်ကတည်းက သိလာသည့်အလျောက် အိမ်ကိုတံခါးမရှိ ဓားမရှိဝင်ထွက်နေတာလည်း မူလတန်းအရွယ်လောက်ကတည်းကဖြစ်သည်။ ဒီကိစ္စတွေကလည်း လွန်ခဲ့တဲ့တစ်ပတ်ကျော်ကမှ စခဲ့တာဖြစ်သည်။ -

- အွန်းဟက်ရဲ့အစ်ကိုက အကူအညီတောင်းတာကြောင့် မိဘဆရာတွေ့ဆုံပွဲကိုထယ်ဆန်းနဲအတူသွားဖြစ်ခဲ့ကြသည်။ ဒါကိုဒီကလေးအဲ့နေ့ပြီးကတည်းက ထယ်ဆန်းရဲ့ဖုန်းနံပါတ်ကိုလိုက်တောင်းနေတာဖြစ်သည်။ အခုဆို လိပ်စာပါတောင်းနေပြီဖြစ်သည်။-

" စာသေချာလုပ်ပြီးတော့ စာမေးပွဲအောင်ရင် အစ်ကိုမင်းကိုလိပ်စာပြောပြမယ်။ "

AUGUST (BOYNEXTDOOR OTP COLLECTION )Where stories live. Discover now