" ဥစ္စာမှန်ရင်ပြန်ရတယ်တဲ့။ အွန်းလေးက အစ်ကို့အပိုင်မလို့ အစ်ကို့ဆီထဲ ပြန်ရောက်လာတာထင်တယ်။ "
Author- Kitt(Su)
________________________________________________________
DON'T LEAVE ME AGAIN .- ဂျယ်ဟျွန်းတစ်ယောက် ကုမ္ပဏီက သူ၏အခန်းထဲတွင် ဟိုရှာဒီရှာလုပ်နေခဲ့သည်။ ကြည့်ရတာတစ်ခုခုပျောက်နေသလိုပင်။ -
" ဂျယ်ဟျွန်း....ဘာရှာနေတာလဲဟင် "
- အရပ်ပုပုနှင့် black suitဝတ်ထားတဲ့ယောက်ျားတစ်ယောက်ကဝင်လာပြီး ဂျပန်ဘာသာစကားဖြင့်မေးလာသည်။ -
" ရီဝူးဗျ...ကျွန်တော့်အခန်းထဲမှာထောင်ထားတတ်တဲ့ဝက်ဝံရုပ်လေးတွေ့မိသေးလား။ "
" ပစ်လိုက်ပြီမဟုတ်ဘူးလားဟင်။ "
" ဗျာ...(?) ဘယ်တုန်းကလဲဗျ "
" မနေ့ညက အရက်အများကြီးသောက်မိကြပြီးတော့ ဂျယ်ဟျွန်းက မလိုအပ်တော့ဘူး၊ ပစ်လိုက်လည်းရပြီဆိုလို့ မနက်ကအမှိုက်ရှင်းရင်းပစ်လိုက်ပြီ။ "
- တဖန်ထိုကောင်လေးကပဲ ကိုရီးယားဘာသာစကားဖြင့်ပြောလာပြန်သည်။ -
" ဗျာ...
အ...အခု အမှိုက်တွေပစ်လိုက်ပြီလားဟင် "" 10:00မှ သန့်ရှင်းရေးလာတာမလို့ အခုထိတော့မပစ်ရသေးဘူးထင်တယ်။ "
" ကျေးဇူးအများကြီးတင်ပါတယ် ရီဝူး "
" ဟုတ်ကဲ့ "
- ရီဝူးက သူဂျပန်ကိုရောက်ကတည်းကအစစအရာရာကူညီပေးခဲ့တဲ့ လက်ထောက်။ ကိုရီယား-ဂျပန် ကပြားကောင်လေးက တော်တော်တော့ကြည့်လို့ကောင်းသည်။ ကောင်မလေးတွေကြားထဲကနှင်းဆီပွင့်တစ်ခုဖြစ်သည်။ အနေတည်တာကြောင့် ဘယ်လိုဖြစ်ဖြစ် သူ့နဲ့ကတော့ ပေါင်းလို့အဆင်ပြေသည်။ အခုဆိုရင် ရီဝူးနှင့်သိလာသည့်အချိန်ကာလသည် လေးနှစ်နီးပါးရှိပြီဖြစ်သည်။ -
- ရီဝူးကခေါင်းခါကာ ယူလာခဲ့သည့်ဖိုင်တွဲတွေကိုစားပွဲပေါ်မှာချထားပေးခဲ့ပြီး အခန်းထဲကနေပြန်ထွက်လာခဲ့သည်။ -
.
.
.- ဂျယ်ဟျွန်း ကုမ္ပဏီအနောက်တွင်ရှိသော အမှိုက်ထုပ်တွေကြားထဲသို့ မွှေနှောက်နေခဲ့သည်။ နောက်ဆုံးတော့ သူရှာဖွေနေသည့်အရာကိုတွေ့ခဲ့သည်။ -