"မီးစိမ်းပြလိုက် မီးနီပြလိုက်(တွန်းလိုက်ဆွဲလိုက်)နဲ့ အစ်ကိုဆောင်းဟိုကဘာဖြစ်စေချင်နေတာလဲ။ အစ်ကို့ကောင်လေးဖြစ်စေချင်လည်းပြောနော်။ "
Author- Kitt(Su)
________________________________________________________
Note- ပထမတစ်ခုမှာ Gongfourzလို့ပြောခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်Gongfourzက18ရက်နေ့မှအပ်ဖြစ်ပါမယ်ရှင့်။ ကျေးဇူးတင်ပါတယ်။
GREEN LIGHT, RED LIGHT .
.
.
.- ပုံမှန်နေ့ပါပဲ။ အထွေအထူးမရှိပါဘူး။ အထွေအထူးရှိနေတာက ဟန်ထယ်ဆန်း။ မေဂျာတန်းတက်ရင်းကိုသက်ပြင်းတချချနဲ့။ သူ့ဘေးနားက သူငယ်ချင်းတစ်ချို့တောင် ကွက်ကြည့်ပြီး မျက်စောင်းထိုးနေကြသည်။ -
" ထယ်ဆန်း! နင်စာနားမထောင်ရင်တိတ်တိတ်လေးနေပေးပါလား။ ငါတို့အတန်းတက်နေတဲ့လူတွေကိုအနှောက်အယှက်ဖြစ်တယ်။ "
- အနောက်ခုံကကောင်မလေးကပြောတော့ထယ်ဆန်းက မျက်မှောင်ကျုံ့ကာ ခပ်စူးစူးအကြည့်တချက်ပို့လိုက်သည်။ ပြီးတော့ နာရီကိုလှမ်းကြည့်ကာနောက်ထပ်ချတဲ့သက်ပြင်းတစ်ခု။ -
- မကြာခင်မှာပဲ Ring ringအသံနဲ့အတူ သူတို့အတန်းပြီးသွားခဲ့သည်။ ထယ်ဆန်း လွယ်အိတ်ကိုဆွဲယူကာ အတန်းထဲမှထွက်တော့မည်။ တကယ်တော့အတန်းထဲလည်းရောက်ချင်လို့ရောက်နေတာမဟုတ်။ မဖြစ်မနေအတန်းတက်ရမည်ဟူသော သူ့စကားကြောင့်။ -
" ထယ်ဆန်း! ခဏနေပေးပါဦး။ ငါပြောစရာရှိလို့။ "
" ကျစ်* ဘာလဲ "
" ဒါလေး...။
ငါကိုယ်တိုင်လုပ်ထားတဲ့ကွတ်ကီး။ နင့်ကိုစားစေချင်လို့ယူလာတာ။ "" သြော် ကျေးဇူးပဲ။ ဒါပေမဲ့ ငါမစားဘူး။ သူများကျွေးတာတွေငါစားလို့မရဘူး။ "
" ဒါ...ဒါပေမဲ့ ငါက.."
" ငါမလွှင့်ပစ်ခင် ပြန်ယူသွားလိုက်ပါ။ "
- ကောင်မလေးလက်ထဲကိုကွတ်ကီးဘူးပြန်ထည့်ပေးလိုက်ကာ မျက်နှာတည်ဖြင့်ထွက်သွားခဲ့သည်။ -