7 / 8 (Uni)

343 37 0
                                    

ဂုဏ်မြင့်သူရယ်

အပိုင်း ၇

အခန်းတွင်းရှိ လူနှစ်ဦး တရင်းတနှီး ပွေ့ဖက်နေတာကို မြင်၍ ရှဲ့ယွိရန်က ခေတ္တရပ်သွားပြီး သူ့အကြည့်တွင် အံ့အားသင့်သော အရိပ်အယောင်များ ပါဝင်နေသည်။

မျက်လုံးကို ချက်ချင်းမှိတ်လိုက်ပြီး တံခါးကို ခပ်ဖွဖွမခေါက်မီ ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်သည်။

ရှဲ့‌ရှောသည် တံခါးခေါက်သံကို ကြားသောအခါတွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက ယဲ့အန်းကို နည်းနည်းလေးမှ မဆိုင်းမတွ တွန်းထုတ်လိုက်သည်။

ယဲ့အန်းက သူ့လက်ကို မသိမသာ လွှတ်လိုက်ပြီး “ရှင့်ရဲ့ ညီလေး အပြင်မှာ ရှိနေတယ်။ သူ့မှာ မင်းနဲ့ ဆွေးနွေးစရာတွေ ရှိတဲ့ပုံပဲ။ ကျွန်မဒီမှာ ခဏလောက် အနားယူလိုက်ဦးမယ်။ ကျွန်မကို စိတ်မရှိပါနဲ့။"

သူမစကား​ပြောပြီး​နောက် ဆိုဖာ​ပေါ်တွင်ပြန်​ထိုင်​ချလိုက်​သည်​။ သူမနဖူးကို လက်တစ်ဖက်တင်ကာ မသက်မသာဟန်ဆောင်လိုက်သည်။

ရှဲ့ရှောက သူမကို စိတ်မ၀င်စားဘဲ အပြင်သို့ ထွက်လာခဲ့သည်။

ရှဲ့ယွိရန်သည် သူ့လက်ကို ပိုက်ကာ အခန်းထဲရှိယဲ့အန်းကိုကြည့်လိုက်ပြီး "အဘိုးက ဆွေးနွေးစရာကိစ္စရှိလို့ မင်းကို သွားစေချင်တယ်" လို့ပြောလိုက်သည်။

ညီအစ်ကို နှစ်ယောက် အတူတူ ထွက်ခွာသွားကြသည်။

ယဲ့အန်း စိတ်လျှော့လိုက်သည်။ သူမ တံခါးကို အမြန်ပိတ်ပြီး ဆိုဖာပေါ် တွင် လှဲအိပ်ဖို့ ပြန်လှည့်လိုက်သည်။

အိမ်ထောင်ပြုရတာ အရမ်းခက်တယ်။

ယဲ့အန်းသည် ယမန်နေ့ညက အိပ်မပျော်ခြင်းဝေဒနာကို ခံစားခဲ့ရပြီး တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ သူမသည် နံနက်စောစောတွင် နိုးလာခဲ့သည်။ ထိုအချိန်တွင် အိပ်ခြင်စိတ်က ကြီးစိုးလာပြီး ပြန်လည်အားဖြည့်ရန် မျက်လုံးများကို မှိတ်ထားသည်။

သူမ အိပ်ပျော်ခါနီးတွင် တံခါးအပြင်ဘက်မှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဂုဏ်မြင့်သူရယ် (ဘာသာပြန်)Where stories live. Discover now