၉၃

558 76 0
                                    

(Unicode) သူ၏နယ်မြေအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက် ပိုင်ကျင်းသည် သူ၏ရင်ဘတ်ထဲ၌ ပူပြင်းသည့်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ မရီဒီယန်များအတွင်း ဖြတ်သန်းစီးဆင်းသွားသောကြောင့် ကိုယ်နေဟန်ထား ပျက်သွားသည်အထိ ရုတ်တရက် တွန့်လိမ်ကောက်ကွေးသွားခဲ့သည်။ သူ၏ သွေးပြန်ကြောများ ဖူးယောင်လာသည်ကို ခံစားမိပြီး သူ၏အရေပြားများသည် တစ်စစီ စုတ်ပြဲချင်သလိုမျိုးဖြစ်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲသွားတော့မည့်ပုံရသည်။

"ဖာ့ခ်... ဒါက အဆိုးဆုံးအချိန်ပဲ" ပိုင်ကျင်း ကျိန်ဆဲလိုက်ပြီးနောက် မကြာခင် မှာပဲ သူ့နာကျင်မှု၏အကြောင်းအရင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ယနေ့မှာ သူသည် အဆင့်နှစ် အဆင့်ရှိသော အမြုတေအား ယူဆောင်လာခဲ့သည်ကို မေ့လျော့သွားခဲ့သည်။ သူ့နယ်မြေသို့ ပြန်လည်ရောက်ရှိပြီးနောက် အမြုတေမှ စွမ်းအင်နှင့် ဖုတ်ကောင်ဗိုင်းရပ်စ်တို့သည် သဘာဝအတိုင်း စတင်၍ ပဋိပက္ခ ဖြစ်လာခဲ့သည်။ ဤခံစားချက်ကို သူ အရမ်းရင်းနှီးနေသည်။ သူ နောက်ဆုံး အဆင့်တက်သည့်အချိန်ကနှင့် အတူတူပဲဖြစ်သည်။

သူ့နှလုံးသားသည် စိတ်ပျက်အားငယ်မှုနှင့် ကြည်နူးမှုများ ရောထွေးလျက် ရှိသည်။ ပိုင်ကျင်းသည် စမ်းရေကန်၏အောက်ခြေသို့ အမြန်သွားခဲ့သည်။ ရှောင်းဆာ မည်သို့ပြုလုပ်နေသည်ကို အရင်ဆုံး အပြေးအလွှား သွားမကြည့် ခဲ့နိုင်သည်ကိုသာ သူ တကယ်ကို နောင်တရမိသည်။ ဖုတ်ကောင်ဗိုင်းရပ်စ်ကို သူ့ခန္ဓာကိုယ်မှဖယ်ရှားရန် အရေးတကြီး လိုအပ်ကြောင်းကိုလည်း သူသိသည်။

ထိုအရာကို တစ်ကြိမ် ကြုံတွေ့ခဲ့ရဖူးကာ နောက်တစ်ကြိမ် ထပ်ဖြစ်သည့် အချိန်၌ သူနှင့်ရင်းနှီးနေခဲ့သည်။ စမ်းရေကန်၏အောက်ခြေတွင် ပိုင်ကျင်း သည် သူ၏ခန္ဓာကိုယ်မှတစ်ဆင့် စွမ်းအင်များကို သဘာဝအတိုင်း ပျံ့နှံ့သွား စေခဲ့ပြီး တဖြည်းဖြည်းဖြင့် သူ့ခန္ဓာကိုယ်နှင့်အသိစိတ်များကို ပြေလျော့ စေလိုက်သည်။ သူနှင့်ရှောင်းဆာ နှစ်ဦးလုံးသည် ရေထဲ၌ရှိနေပြီး တစ်ဦးသည် မျက်နှာပြင်ပေါ်တွင် မျောပါနေပြီး နောက်တစ်ဦးသည် စမ်းရေကန်၏ အောက်ခြေတွင် ထိုင်နေကာ သူတို့သည် တဖြည်းဖြည်းဖြင့် အပြာရောင် အလင်းတန်းများနှင့် တောက်ပလာ၍ မိခင်ဝမ်းတွင်းရှိ အမြွှာများကဲသို့ပင်။ ထိုအလင်းရောင်သည် သူတို့ကို ညင်သာစွာ နှစ်သိမ့်ပေးနေခဲ့ပြီး ၎င်းတို့နှင့် အတူတကွဖြစ်တည်နေကာ တင်းတင်းကြပ်ကြပ်ရှိစွာဖြင့် ခွဲခြား၍မရနိုင်စွာ နီးကပ်လျက်ရှိသည်။

Back to the ApocalypseWhere stories live. Discover now