(၆)

2.3K 262 0
                                    

[Unicode]

သူ့အခန်းထဲ ပြန်ရောက်ပြီးနောက် ပိုင်ကျင်းက တံ‌ခါးကို သော့ခတ်လိုက်သည်။ ဘယ်ဘက်ထောင့်ကို လှည့်ကြည့်လိုက်တော့ အမြင့်၃ပေလောက်ရှိတဲ့ မီးခံသေတ္တာတစ်ခုရှိသည်။ မှတ်မိနေတဲ့ စကားဝှက်နဲ့ လော့ခ်ဖြည်လိုက်တော့ တံခါးကပွင့်လာတယ်။ ပိုင်ကျင်းရဲ့သူငယ်အိမ်တွေက ကြောင်မျက်လုံးများကဲ့သို့ ရုတ်တရက်ကျုံ့သွားကာ ရှည်လျားကျဉ်းမြောင်းသော မျဉ်းတစ်ကြောင်းလိုပဲ။ သူ့ရဲ့ ပထမဆုံးတုံ့ပြန်မှုက... ဒါက မဖြစ်နိုင်ဘူး။

မီးခံသေတ္တာက အလွတ်ကြီး... ဓါးတစ်လက်ကလွဲလို့... အဲ့ဒီမှာ ဘာမှမရှိဘူး။

သူ့အမေရဲ့ အမွေပစ္စည်းတွေက ဘယ်ရောက်ကုန်တာလဲ။

ပိုင်ကျင်းရဲ့မျက်နှာက နီရဲလာပြီး သူ့သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။ သူ့ဒေါသတွေက ပြင်းထန်နေပြီး သူ့ရင်ထဲမှာ ဖော်မပြနိုင်တဲ့ဒေါသတွေနဲ့ တုန်လှုပ်နေကာ မတည်ငြိမ်နိုင်တော့ဘူး။

ခဏနေတော့ သူ့စိတ်တွေ တည်ငြိမ်သွားတယ်။ သူကလွဲပြီးတော့ စကားဝှက်ကို ဘယ်သူမှမသိဘူး။ အထဲမှာရှိတဲ့ပစ္စည်းတွေကို သူများယူသွားလို့ မရနိုင်ဘူး။ ပြီးတော့ သူ ရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနေသေးတယ်။ အရင်ဘဝမှာ ကပ်ဘေးကြီးဖြစ်တုန်းက မီးခံသေတ္တာထဲကအရာတွေက ဘာမှမဖြစ်သေးဘူး။

ဒီဓါးက...

ပိုင်ကျင်းသည် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး သူ့လက်ထဲရှိ ဓားရှည်ကို ညင်သာစွာ သုတ်လိုက်သည်။ ပြီးပြည့်စုံသော လက်ကိုင်နှင့် ဓားအိမ်သည် ရိုးရှင်းပြီး ရှေးဟောင်းဆန်သော လေထုကို ပေးစွမ်း‌နေသည်။ အေးစက်ပြီး တော်ဝင်ဆန်သည့် ဓါးသွားကို သူ ဓါးအိမ်ထဲမှထုတ်လိုက်သည်။ ဓါးသည် တဖျပ်ဖျပ်တောက်ပနေကာ တည်ငြိမ်သိမ်မွေ့သည့် ခမ်းနားမှုကို ပြသနေသည်။ ဓါးရဲ့အကွေ့အကောက်တွေက ပြေပြစ်စွာအထက်သို့တက်သွားပြီး အဆုံးဘက်မှာ ပါးလွှာတဲ့ ပဲ့ဦးပိုင်းရှိကာ တကယ်လို့ သူ မှတ်မိတာသာမှန်မယ်ဆိုရင် သူ ဖုတ်ကောင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတုန်းက အလွဲလွဲအချော်ချော်နဲ့ ပျောက်ဆုံးသွားခဲ့တယ်။ ဆိုလိုချင်တာက သူ့အမေရဲ့အမွေပစ္စည်းတွေထဲမှာ ဒီဓါးတစ်ခုတည်းကသာ သူ့လှို့ဝှက်နယ်မြေပြောင်းလဲသွားပြီးနောက် ပျောက်ဆုံးမသွားခဲ့တဲ့အရာပဲ။

Back to the ApocalypseDonde viven las historias. Descúbrelo ahora