၁၃၁ (Extra 1)

762 87 1
                                    

(Unicode) သူတို့သည် မြို့တော်သို့သွားရာ လမ်းတစ်လျှောက်တွင် ဖြည်းညှင်းစွာ ခရီးထွက်ခဲ့ကြပြီး အပန်းဖြေခဲ့ကြသည်။ သို့သော် အပြန်လမ်းတွင် သူတို့သည် ကျင်းဆာမြို့သို့ တက်နိုင်သမျှ အမြန်ဆုံး ပြန်ရောက်နိုင်ရန် စိတ်အားထက်သန်နေကြသည်။ မြို့တော်အခြေစိုက်စခန်းမှ ထွက်ခွာပြီးသည်နှင့်တပြိုင်နက် အရှိန်အဟုန်ဖြင့် ခရီးဆက်ခဲ့ကြပြီး ခေတ္တခဏမျှသာ အနားယူခဲ့ကြသည်။

သူတို့ ပင်ပန်းခြင်းမရှိတာမျိုး မဟုတ်ဘူး။ လူတိုင်းသည် သက်တောင့်သက်သာရှိသည့် ကားများပေါ်တွင်ထိုင်နေကြပြီး ရိက္ခာများပေါများလှသော်လည်း နေရာကျဉ်းမြောင်းနေဆဲဖြစ်ကာ သူတို့အတွက် စိတ်မသက်မသာ ဖြစ်စေပြီး ငြီးငွေ့သလို မခံစားရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော်လည်း သူတို့၏ နှလုံးသားထဲမှ တွန်းအားကို မည်သူကမှ ဖိနှိပ်မထားနိုင်ပေ။ ထိုအရာသည် ၎င်းတို့အား ရှေ့သို့တွန်းပို့နေသော တစ်ခါမှမကြုံဖူးသည့် တွန်းအားတစ်ခု လိုပင်။ လူတိုင်းသည် သူတို့၏ပန်းတိုင်ကိုရောက်ဖို့ စိတ်အားထက်သန်နေ ကြပြီး သူတို့၏အနာဂတ်အိမ်ကို မြင်နေကြသည်။

ပိုင်ကျင်း သရုပ်ဖော်ပြခဲ့သည့် ကျင်းဆာမြို့တော်သည် အလွန်လှပသော ကြောင့် လူအများက မတောင့်တပဲမနေနိုင်တော့ဘူး။ ဤရှုပ်ထွေးလှသည့် လောကကြီးထဲတွင် သူတို့အပိုင်ဟု ခေါ်ဆိုနိုင်သည့် နေရာတစ်ခုရှိနေတာ ဘယ်လိုတောင် ကောင်းလိုက်သလဲ! နေရာက ကြီးကြီးမားမား မဟုတ်ရင်တောင်၊ ပရိဘောဂများ မပြည့်စုံဘူးဆိုရင်တောင် အိမ် ဖြစ်နေဆဲ ဖြစ်သည်။ သူတို့ဆီမှာ အိမ်တစ်လုံးမရှိတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ? လူတိုင်းသည် ထိုအရာအတွက် တကယ်ကို စောင့်မျှော်နေခဲ့ကြပြီး ဤပန်းတိုင် အတွက် နေ့ရောညပါ အားတက်သရော ခရီးဆက်ရန် ဆန္ဒရှိနေခဲ့ကြသည်။

လီရန်သာလျှင် အနည်းငယ် စိတ်ဓာတ်ကျလျက်ရှိသည်။ မြို့တော်မှာ သူ့အကိုအကြောင်း သတင်းမကြားခဲ့ရဘူး။ သူ့အကိုအား ရှာဖွေရမည့် မစ်ရှင်ကို ကြေးစားတပ်ဖွဲ့သမဂ္ဂမှာ နှစ်လကျော်ကြာအောင် ထားထားခဲ့ပြီး ဆုကြေးငွေသည် အမြုတေ တစ်ရာမှ နှစ်ရာအထိ တက်လာခဲ့သည်။ ထို့နောက် ဂျုံ ကီလိုဂရမ်ငါးရာအထိ တက်လာသော်လည်း ဆုကြေးငွေရယူရန် ရောက်ရှိလာသူတိုင်းသည် သူ့အား အဆုံးမဲ့လှည့်ဖြားမှုများသာ ပေးအပ်ခဲ့ သည်။ သူသည် အစပိုင်းမျှော်လင့်ချက်မှ စိတ်ပျက်ခြင်းသို့ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ သူသည် အစကတည်းက မျှော်လင့်ချက်များစွာ မထားခဲ့သော်လည်း နောက်ဆုံးရလဒ်နှင့် ရင်ဆိုင်ရသောအခါတွင်မူ သူ့ရင်ထဲတွင် မခံစားရပဲမနေဘူး။ မြို့တော်မှ ထွက်ခွာလာသည့်အချိန်အထိ သူ တစ်ကြိမ်မှ မပြုံးသေးဘူး။

Back to the ApocalypseOù les histoires vivent. Découvrez maintenant