၁၀၂

542 64 0
                                    

(Unicode) ဝူကောအန်းသည် လောလောဆယ် အထိတ်တလန့်ဖြစ်နေခဲ့သည်။ ရှောင်းဆာသည် ရွှီဖုန်း၏အဖွဲ့အား လက်ခံလိုက်သည်ကို မြင်လိုက်ရသောအခါ သူ စိုးရိမ် ပူပန်လာခဲ့ပြီး သူ့ကိုယ်သူ ပါးရိုက်ချင်လာခဲ့သည်။ သူသည် အစ်ကိုဆာကို ပထမဆုံး တွေ့ရှိခဲ့သူဖြစ်ကြောင်း သိသာထင်ရှားသော်လည်း အဆုံးတွင် ရွှီဖုန်းကို ဦးဆောင်ခွင့်ပေးခဲ့သည်။ အထူးသဖြင့် သူသည် ရွှီဖုန်းကို ခေါ်ဆောင်လာခဲ့သူဖြစ်သောကြောင့် ထိုအရာသည် သူ့ကို ကြောက်ရွံ့မှုကို ခံစားရစေခဲ့သည်။

ဝူကောအန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး လမ်းလျှောက်လာရင်း သူ၏အရှိန်က အတော်လေး တည်ကြည်လေးနက်လာခဲ့သည်။ ရှောင်းဆာ၏ ယနေ့ စွမ်းအားပြသမှုသည် သူ့အပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။ တမြန်နေ့က အသားကင်သည် သကြားအုပ်ထားသော ကျည်ဆန်ဖြစ်ကြောင်း သူ အခုမှ သဘောပေါက်လာခဲ့သည်။ ယနေ့၏ စွမ်းအားပြသမှုနှင့် ခြိမ်းခြောက်ဟန့်တားမှုကသာ တကယ့်ညစာဖြစ်သည်။ အကိုဆာ၏နည်းလမ်းများသည် တကယ်ကို မျှတသည်။ ထိုအရာကို သူ ရှင်းရှင်းလင်းလင်း နားလည်သော် လည်း နက်နက်ရှိုင်းရှိုင်း ထိတ်လန့်သွားကာ စွဲမှတ်သွားရတော့သည်။ သူ့စိတ် ထဲတွင် နှစ်ထောင်အားရမှုများနှင့် ပြည့်နှက်နေခဲ့သော်လည်း သိပ်မကြာခင် မှာပဲ သူသည် ရုတ်တရက် ထိန်းမနိုင် သိမ်းမရလောက်အောင် ကြောက်စိတ် များ တဟုန်ထိုးတက်လာခဲ့သည်။

ယခု ဝူကောအန်းသည် ရှောင်းဆာနောက်သို့ လိုက်ခဲ့သော်လည်း ရွှီဖုန်းနှင့်နှိုင်းယှဉ်ပါက အကိုဆာသည် သူ့အား ၎င်း၏လူများထဲမှ တစ်ယောက်အဖြစ် လုံးဝ သတ်မှတ်ထားခြင်းမရှိသေးသည်ကို သူ ကောင်းစွာ နားလည်သည်။ သူသည် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း သူ၏ လက်ရှိအခြေအနေအပေါ် အခြေခံ၍ အခြားသူများနှင့်ပတ်သက်၍ ညည်းညူပိုင်ခွင့် မရှိသည်ကိုလည်း သိထားသည်။ သူ၏ အားနည်းချက်ဖြစ်သော ခြံစည်းရိုးကို ခွထိုင်ချင်နေသည့် ဆန္ဒကြောင့် သူ၏ လက်ရှိအနေအထားကို မတည်မငြိမ် ဖြစ်စေခဲ့သည်။ သို့သော် ယခုအချိန်သည် သူ နိုးထရန် အချိန်နှောင်းခြင်း မရှိသေးဘူး။ အကိုဆာသည် သူ၏စွမ်းအားကို သရုပ်ပြ၍ ဖိအားပေးရန် ဆန္ဒရှိသေးသည်ဆိုပါက သူ့ကိုစွန့်လွှတ်ရန် အစီအစဉ်မရှိသေးဟု ဆိုလိုခြင်း ဖြစ်သည်။ သူကောင်းကောင်းစွမ်းဆောင်နိုင်သရွေ့ အစ်ကိုဆာက သူ့ကို အသုံး မချမှာကို စိုးရိမ်နေစရာမလိုပါဘူး။

Back to the ApocalypseWhere stories live. Discover now