[ Unicode version ]
“ ဒီပန်းတွေက သားဝယ်ထားတာလား ကျွင့်အာ ”
ဆိုင်ကပန်းအိုးထဲရှိနေသည့် အနည်းငယ်နွမ်းနေပြီဖြစ်တဲ့ ဒေလီယာပန်းအဝါတွေကို မေမေက ကိုင်ကြည့်ရင်းမေးလာတော့ ကျွင့်ကျယ်က ဂုတ်ပိုးလေးနဲ့လက်နဲ့နှစ်ချက်လောက်ကုတ်လိုက်မိသည်။ အဲ့တာ မနေ့က အဲ့ဒီဆရာလေးပေးခဲ့တဲ့ပန်းတွေလေ။ မေမေ့ကို အမှန်အတိုင်းပြောလို့ဖြစ်ပါ့မလား။
“ ဟုတ်တယ် မေမေ၊ မနေ့က ပန်းဆိုင်ရှေ့ဖြတ်သွားရင်းဝယ်လာလိုက်တာ ”
အလိမ်အညာလေးသုံးလိုက်မိသည်။ သူစိမ်းယောက်ျားတစ်ယောက်ဆီကရလာတဲ့ပန်းတွေကို ဒီလိုလက်ခံယူထားတယ်ဆိုတာကို မေမေသိရင်မကြိုက်လောက်ဘူးလားလို့လေ။
“ လှသားပဲ ၊ မေမေ့သားလေးနဲ့တောင်တူသေးတယ် ”
မေမေ့စကားကြောင့် ဆိုင်ဖွင့်ဖို့ပြင်ဆင်နေတဲ့ကျွင့်ကျယ်က မျက်မှောင်လေးကြုံ့လို့ မေမေ့ကိုလှမ်းကာကြည့်သည်။
“ မေမေကတော့ မဟုတ်တာကို ယောင်္ကျားလေးကပန်းနဲ့တူစရာလား ”
“ တူလို့ပေါ့ ကျွင့်အာရဲ့ ၊အဝါရောင်ပန်းလေးတွေတိုင်းက မေမေ့သားလေးနဲ့တူနေသလိုကိုခံစားရတာ၊ ထပ်ပြောရရင် ယောင်္ကျားလေးကပန်းနဲ့တူလို့မရတော့ဘူးလား လှလို့တင်စားတာပဲလေ ”
“ ...... ”
“ ပြီးတော့ မေမေကတော့ ကျွင့်အာကိုတစ်ခါမှ ယောင်္ကျားရယ် မိန်းမရယ်လို့မမြင်ဖူးပါဘူး၊ ဒီအတိုင်း မေမေ့ကလေးပဲလေ ပန်းလေးနဲ့တူတဲ့ ကလေးလေး ”
မေမေက ကျွင့်ကျယ်အနားကိုပါရောက်လာပြီး အသည်းတယားနဲ့ ကျွင့်ကျယ်ရဲ့ ဆံပင်လေးတွေကိုဆွဲဖွကာရင်း ပြောလာခဲ့သည်။ မေမေကတော့ ကျွင့်ကျယ်ထက်ပင်အမြင်ကျယ်တယ်လို့ပြောရမှာပဲ။ တစ်ချို့တင်းကြပ်လွန်းတဲ့အရာတွေကြားထဲ ကျွင့်ကျယ်ကိုယ်တိုင်လက်မခံနိုင်တဲ့အရာတွေထိ မေမေက ကျွင့်ကျယ်ကိုနားလည်ပြီးသားဖြစ်သည်။ မေမေကပြောပါတယ် တကယ်တမ်း ဒီလောကမှာ ကိုယ့်ရင်သွေးအကြောင်းကို မိခင်ဖြစ်သူတွေကသာအသိဆုံးပါတဲ့။
YOU ARE READING
𝑾𝒆𝒍𝒄𝒐𝒎𝒆 𝒕𝒐 ❝ 黄 ❞
Fanfiction𝐗𝐢𝐚 𝐙𝐡𝐢𝐆𝐮𝐚𝐧𝐠 𝐚𝐧𝐝 𝐇𝐮𝐚𝐧𝐠 𝐉𝐮𝐧𝐉𝐢𝐞 𝐅𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 1960 နှောင်းပိုင်းက ပုံပြင်လှလှလေးတစ်ပုဒ်ကိုပြောပြမယ်။ 𝐒𝐭𝐚𝐫𝐭 - 𝐌𝐚𝐲 17 , 2024 𝐄𝐧𝐝 -