「 14 」

121 20 11
                                    

[ Unicode version ]

ဝေလီဝေဟင်းမနက်ခင်းတစ်ခုဖြစ်ပြီး ကျွင့်ကျယ်အတွက် ထူးထူးခြားခြားရှိနေခဲ့တာဆိုလို့ ဆရာ‌လေးဆီကရခဲ့တဲ့ကြင်နာမှုတစ်ချို့နဲ့ လေးလံထိုင်းမှိုင်းနေသည့်စိတ်တစ်စုံသာရှိခဲ့လိမ့်မည်။ ဒီကနေ့လည်း မေ‌မေ့ကို ဆေးတွေသေချာတိုက်ခဲ့ပြီး အိမ်မှာပဲအနားယူခိုင်းခဲ့ကာ ဆိုင်ကိုတော့ ကျွင့်ကျယ်ကပဲဖွင့်ဖို့အတွက် စက်ဘီးလေးတစ်စီးနဲ့တောင်ခြေလမ်းတွေကိုဖြတ်ရင်း မြို့လမ်းမဆီကိုရောက်လာခဲ့သည်။

ဈေးတန်းတွေစုပုံရှိနေတဲ့လမ်းကိုရောက်တော့ စက်ဘီးအရှေ့ကနေလာတိုးရပ်တဲ့ အရာရှိယွီချွမ်ကြောင့် ကျွင့်ကျယ်စက်ဘီးအရှိန်ကိုသပ်လို့ရပ်လိုက်ရသည်။ မကြည်ဖြူြည်ဖြူချင်ပါသော်လည်း မေမေ့ရဲ့ အရာရှိယွီချွမ်ကိုကောင်းကောင်းဆက်ဆံပေးလိုက်ပါ ဆိုတဲ့စကားကြောင့် ကျွင့်ကျယ်ဘက်ကပဲ အရင်ဆုံးပြုံးပြလိုက်တော့သည်။

တစ်ဖက်ကအပြုံးသေးသေးလေးကိုရလိုက်သည့်အခါ သ့ယွီချွမ်၏ မျက်နှာသည်လည်း ချက်ချင်းပင်အပြုံးတွေနဲ့ပြည့်နှက်လာခဲ့သည်။ သူအမြဲတမ်းလိုချင်ခဲ့တာ ဒီကောင်လေးရဲ့ ကြင်နာမှုကိုဖြစ်ပြီး တယုတယထွေးပွေ့ထားချင်ခဲ့တာလည်း ဒီကောင်‌လေးရဲ့နှလုံးသားကိုပဲ။

“ ကျွင့်ကျယ်..ဆိုင်ကိုသွားမလို့လား ”

သိနေပြီးသားဆိုပေမယ့်လည်း စကားအစပျိုးဖို့ရာထိုစကားလုံးကသာအသင့်တော်ဆုံးဖြစ်လို့ ပြောလိုက်သည့်အခါ ‌တစ်ဖက်ကောင်လေးက ခေါင်းလေးငြိမ့်လို့တုန့်ပြန်သည်။

“ ဟုတ်ပါတယ် အရာရှိယွီချွမ် ”

“ ဒါဆို ကျွန်တော်လိုက်ပို့ပေးမယ်လေ၊ သိပ်လည်းမလိုတော့ဘူးဆိုတော့ ဒီကနေပဲ စကားပြောရင်းလမ်းလျှောက်သွားကြမလား ”

ထိုသို့ ချစ်ရသူနဲ့ဘေးချင်းယှဉ်ရပ်ပြီး လမ်းလျှောက်ချင်တဲ့ ယွီချွမ်ရဲ့ဆန္ဒကလေးကို ထုတ်ဖော်ပြောမိတော့ ကောင်လေးက မငြင်းပါဘဲ လက်ခံပြန်သည်လေ။

“ ကောင်းပါပြီ အရာရှိယွီချွမ် ”

အဖြေစကားကိုရလိုက်သည်နှင့် အပြုံးတွေဖုံးဖိမရတော့အောင် ယိုဖိတ်ကျလာသည့် ယွီချွမ်က ကျွင့်ကျယ်လက်ထဲကစက်ဘီးလေးကိုပင် လက်လွှဲယူလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Sep 24 ⏰

Add this story to your Library to get notified about new parts!

𝑾𝒆𝒍𝒄𝒐𝒎𝒆 𝒕𝒐 ❝ 黄 ❞Where stories live. Discover now