「 13 」

141 18 7
                                    

[ Unicode version ]

နှစ်ရက်တိတိ အခန်းထဲကနေထွက်မလာတဲ့ ဟွမ်ကျွင့်ကျယ်ကို မိခင်ဖြစ်သူက စိုးရိမ်တကြီးနဲ့ ဆက်ပြီးခေါ်နေဆဲပင်။ ကျွင့်ကျယ်ကတော့ ခေါင်းမာစွာပဲ သူဘာမှမဖြစ်ကြောင်းကိုသာပြောပြီး အခန်းတံခါးကိုလုံးဝဖွင့်မပေးခဲ့ဘူး။

အရင်နေ့တွေကဆရာလေးထံက ရရှိခဲ့သမျှအရာအားလုံးဟာ အိမ်မက်တစ်ခုလိုမျိုး ကျွင့်ကျယ်အတွေးတွေထဲ လှည့်ပတ်နေခဲ့ပြီး စေ့စပ်ပါတော့မယ်ဆိုတဲ့ ဆရာလေးရဲ့စကားသံကဝောာ့ ကျွင့်ကျယ်ကိုအိမ်မက်ကနေလန့်နိုးအောင်လုပ်လိုက်သလိုဖြစ်နေခဲ့သည်။

“ ကျွင့်ကျယ်..ကျေးဇူးပြုပြီး တံခါးဖွင့်ပေးလို့ရမလား ”

အသံတိတ် တရှုံ့ရှုံ့ငိုနေတဲ့ ကျွင့်ကျယ်မှာ ရုတ်တရက်ကြားလိုက်ရတဲ့ အသံကြောင့် သတိပြုလိုက်မိပြီး ခဏတွင်းချင်းပဲ ပိုလို့ပင် စိတ်ပင်ပန်းချင်လာသလိုပင်။ အဲ့ဒီ အရာရှိယွီချွမ်က ဘာလို့ရောက်လာပြန်ရတာလဲ။

“ ကျွင့်ကျယ်! ကိုယ်ပြောနေတယ်မလား အပြင်မှာ ဒေါ်လေးလည်း စိတ်ပူနေတယ် အခုတံခါးကိုဖွင့်ပြီး စကားလာပြော! ”

ဆူပူကြိမ်းမောင်းသံနှင့်တူလာသည့်တစ်ဖက်လူရဲ့အသံကြောင့် ကျွင့်ကျယ်မှာ ကျလက်စမျက်ရည်တွေကိုပွတ်ဆွဲကာသုတ်ပြီး တံခါးနားကိုသွားလိုက်သည်။

“ ကျွန်တော်ဘာမှမဖြစ်ဘူးလို့ပြောတယ်မလား၊ ပြီးတော့ ကျွန်တော်အရာရှိယွီချွမ်ကိုကြိုဆိုပြီး စကားပြောချင်စိတ်လည်းမရှိဘူး အဲ့တာကြောင့် ပြန်ပါတော့ ”

ကျွင့်ကျယ်ရဲ့စကားအဆုံးမှာတော့ တစ်ဖက်က တိတ်ဆိတ်လို့သွားသည်။ လက်လျော့လိုက်သည်အထင်နဲ့ အိပ်ယာပေါ်ကိုပြန်သွားဖို့ပြင်လိုက်စဉ်မှာပဲ သစ်သားတံခါးလေးက ဝုန်းခနဲပွင့်လာတာကြောင့် အလန့်တကြားပင် လှည့်ကြည့်လိုက်မိတော့သည်။

စိတ်တိုနေခြင်းမဟုတ်ပေမယ့် အနည်းကယ်တင်းမာနေသည့်မျက်နှာနှင့် အရာရှိယွီချွမ်က ကျိုးပျက်သွားတဲ့သစ်သားတံခါးကိုနင်းဖြတ်ကာ အခန်းတွင်းကိုဝင်လာပြီး ကျွင့်ကျယ်အား လက်ကောက်ဝတ်ကနေကိုင်ဆွဲပြီး အပြင်ကိုဆွဲခေါ်သည်။ မလိုက်ချင်တဲ့ ကျွင့်ကျယ်ကရုန်းနေပေမယ့် ယွီချွမ်ရဲ့လက်တွေကပိုလို့တင်းကြပ်လာသည့်အခါ ကျွင့်ကျယ်ရဲ့လက်ကောက်ဝတ်မှာနာကျင်လာရသည်။ အခန်းအပြင်ဘက်ကိုကြည့်လိုက်တော့လည်း မိခင်ဖြစ်သူက ဘာမှမပြောဘဲ ရင်ဘတ်ကိုဖိကာရပ်ကြည့်နေသည်။

𝑾𝒆𝒍𝒄𝒐𝒎𝒆 𝒕𝒐 ❝ 黄 ❞Where stories live. Discover now