Intro

2.6K 35 15
                                    

"လူတွေဆီက အကူအညီတစ်ခုခုယူပြီးရင် ပြန်ဆပ်တတ်ရတယ်မလား"

"၀မ်းကဘာပြန်ပေးရမှာလဲ"

၀မ်၀မ်းမှ မျက်နှာကိုပြန်မလှည့်ဘဲ ထိုကဲ့သို့ဘေးစောင်းအနေအထားနှင့်သာ မေးလိုက်သည်။ထိုလူ့မျက်နှာကို သူမကြည့်ဖို့မရဲပါ။

"နမ်း ငါ့ကို"

"ဟင်"

_________

" ကိုသျှင်စက်ထည်ဝါ!"

" ကိုယ့်ယောကျာ်းနာမည်ကို အပြည့်အစုံခေါ်ရတာ အရမ်းကြိုက်နေတာလား ဟုတ်လား လာ အဲ့လိုမရပ်တန်းခေါ်လို့ကအောင် လုပ်ပေးမယ်"

_________

" ကိုကို မင်းကငယ်ငယ်ကတည်းက ငါမရတဲ့ အရာတွေအားလုံးကို မင်းရပြီးသားပါ ငါလိုကောင်ကမင်းနဲ့ ယှဉ်လို့တောင်မရပါဘူး ဒါပေမယ့် ဒါပေမယ့် ဘာလို့ ၀မ်၀မ်းအထိ!"

" ငယ်ငယ်ကတည်းက ငါကဘယ်အရာမဆို ငါ့အစွမ်းအစနဲ့ငါရအောင် ကြိုးစားလာတာ မင်းဆီကလုယူထားတာ တစ်ခုမှ မရှိဘူး အင်း ၀မ်၀မ်းကတော့ ချွင်းချက်ပေါ့ လုမယူလိုက်ဖို့က အရမ်းနှမြောဖို့ ကောင်းတယ်လေ"

________

ဟယ်လို မနက်ခင်းအစောကြီး နိုးလာကြတဲ့သူတွေအတွက် surprised ဖြစ်နေမလားတော့ မသိပါဘူး။အခုလို မျက်နှာပြောင်တိုက်ပြီးပြန်ပေါ်လာရတာ တကယ်လဲ အားနာရပါတယ် အစ်မအကြာကြီးပျောက်သွားရတာက အိမ်နဲ့ပက်သက်တဲ့ personal case တစ်ခုကြောင့်ပါ ပြီးတော့ ဒါ့အပြင် အစ်မဘက်က အခုလိုပြန်ပေါ်လာရခြင်းအကြောင်းအရင်းကလဲ အစ်မဘ၀ရဲ့‌ေရှ့ရေးတစ်ခုအတွက် အရမ်းလိုအပ်နေတာမလို့ အစ်မဟာ ဒီ fic လေးကို အပိုင်းအကန့်အသက်နဲ့ဘဲ ဒီ Wattpad မှာ တင်ပေးပြီး ကျန်တဲ့အပိုင်းတွေကို paid channel ထောင်သွားမှာပါရှင့်။ အခုလိုပြောရတယ်ဆိုတာကလဲ အစ်မကအခုအချိန် ကိုယ့်နိုင်ငံမဟုတ်တဲ့တ‌ေနရာမှာ ဒီပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက ကျောင်းတက်နေတာပါ ကိုယ့်ကျောင်းစရိတ် ကိုယ့်နေစရာ စားစရာတွေအားလုံးကို ကိုယ့်နည်းကိုယ့်ဟာနဲ့ရှာနေရတာမလို့ အစ်မအနေနဲ့ အခုလို အစ်မရဲ့ ဝါသနာကို ၀မ်းစာတစ်ခုအဖြစ်ပြောင်းလဲလိုက်တာပါ။ ဘာလို့လဲဆို အစ်မကအိမ်ကနေအပြီးအပိုင်ထွက်လာတာဖြစ်တဲ့အတွက် အစ်မမှာ အိမ်ကအထောက်အပံ့တစ်ခုမှလဲ မရှိတော့တဲ့အတွက် အခုအခြေအနေကအရမ်းကိုမှ ခက်ခဲနေရတာပါ။ ဒါတွေပြောတာက ဒရမ်မာခင်းပြတာလဲမဟုတ်သလို သနားဇာတ်လာလုပ်ပြနေတာလဲ မဟုတ်ပါဘူး။ အစ်မအနေနဲ့ အခုလိုတင်‌ပြရတဲ့အကြောင်းပြချက်ကတော့ အစ်မအတွက်ကလဲ အများကြီးခက်ခဲနေတဲ့အခြေအနေဖြစ်တာရော ဘာမှမပြောဘဲ အကြာကြီးပျောက်သွားခဲ့တာတွေကြောင့်ရောကြောင့် ပြန်ပေါ်လာတဲ့အခါ တခြား negative ဆန်တဲ့ စကားတွေမကြားချင်လို့ အခုလိုကြိုပြောထားရခြင်း ဖြစ်ပါတယ်ရှင့်။ ဒီ fic လေးကို လိုက်ပါစီးမျှောပေးပြီးတော့မှ သဘောကျတယ်ဆိုရင် မင့်ကို တယ်လီဂရမ် paid group အတွက် လာရောက်စုံစမ်းနိုင်ပါတယ်နော်


သျှင်စက်ထည်ဝါWhere stories live. Discover now