Episode 2

649 31 1
                                    

မနက်ခင်း ၆ ခွဲနာရီအချိန်တွင် အိတူ၊ ကြီးမေနှင့် တခြားကောင်မလေးများမှာ မနက်စာပြင်ဆင်နေရသည်မလို့ မနက်ပိုင်းဆိုလျှင် မအားလပ်ရပါ။ ၇ခွဲ ၈နာရီတွင် မနက်စာစားတတ်ကြသော သူဌေးတို့အဖို့ သခင်လေးတို့ မထခင် သူမတို့မှ မနက်စောစောထကာ  ပြင်ဆင်ကြရသည်။ မနက်စာကို အလေးပေးပြီး ဂရုတစိုက်စားတတ်သော သခင်လေးသျှင်စက်က မနက်စာပြင်ဆင်ချိန်နောက်ကျလျှင် စိတ်ဆိုးတတ်သည်။ ထို့ကြောင့် သူမတို့မှ မနက်ခင်းဆိုလျှင် သန့်ရှင်းရေးချက်ပြုတ်ရေးများနှင့် အလုပ်ရှုပ်တတ်ကြသည်။ သူမတို့မီးဖိုခန်းနှင့် ထမင်းစားဆောင်ကို ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာ အလုပ်ရှုပ်နေကြသောချိန်တွင် သခင်လေးသျှင်စက်က adadis အင်္ကျီရှပ်လက်တိုအနက်ရောင်နှင့် အားကစားဘောင်းဘီအနက်၀မ်းဆက်ကို၀တ်ထားပြီး ထမင်းစားခန်းထဲက ရေခဲသေတ္တာဆီသို့ လျှောက်လှမ်းလာသည်။ အလုပ်အားသည့်နေ့တိုင်း လေ့ကျင့်ခန်းကို အချိန်ပေးပြီးလုပ်တတ်သောသူက အခုမှလေ့ကျင့်ခန်းလုပ်ပြီးပြန်လာတာမလို့ နဖူးစပ်၊ ရင်ဘတ်နဲ့ လည်ပင်းတို့တွင် ချွေးတို့စိုကာ ရွှဲနှစ်နေသည်။ သျှင်စက်သည် ခေါင်းအနောက်စေ့ဘက်က ချွေးတို့ကို တဘက်တစ်ထည်နှင့် သုတ်ရင်း အလုပ်များနေကြသော အိတူတို့ကို တစ်ချက်‌ေ၀့ကြည့်လိုက်သည်။

အိတူသည် မိမိဟာမိမိ လုပ်နေသည်မှာ ဘာပြဿနာမှ မရှိပါသော်လည်း သခင်‌ေလးသျှင်စက်မှ လာကြည့်နေတာမလို့  ကြောက်အားလန့်အားဖြင့် လုပ်သမျှမျှတို့က အလွဲလွဲအချော်ချော်ဖြစ်ကုန်တော့သည်။ သခင်လေးသျှင်စက်ရှေ့အမှားတွေ ဆက်တိုက်လုပ်မိနေသည်မလို့ ကိုယ့်ဟာကို ကိုးကွယ်သမျှ ဘုရားတွေရော နတ်တွေကိုပါ တမိနေတော့သည်။

သျှင်စက်သည် ရေခဲသေတ္တာထဲမှ ရေအေးတစ်ဘူးကိုထုတ်ကာ မော့သောက်လိုက်ရင်း အိတူကိုလက်ဖြင့်ယှက်ကာ ခေါ်လိုက်သည်။

" ဟေ့ မင်း"

သျှင်စက်မှခေါ်လျှင် အိတူသည် ပြာပြာသလဲလဲဖြင့်

" ရှင် ရှင် အကိုလေး လာပြီ"

" ဟိုတစ်ယောက်ရော"

သျှင်စက်ထည်ဝါWhere stories live. Discover now