Episode - 4

855 31 7
                                    

၀မ်၀မ်းသည် အလုပ်မသွားခင် မနက်စာစားဖို့ ပြင်ဆင်ရာတွင် ကြီး‌မေတို့ကို ၀ိုင်း၀န်းပြီး ကူညီပေး၏။ အလုပ်ချိန်က 9နာရီခွဲမှ ဖြစ်တာမလို့ သူမအတွက် ပြင်ဆင်ဖို့ရာအချိန်နှင့် ကိုယ်ပိုင်အချိန် လုံလောက်ပါသည်။

ရန်ကုန်မနက်စာဆိုသည့်အတိုင်း အမဲရှမ်းခေါက်ဆွဲသုတ်ကို ရိုးရိုးရှင်းရှင်း ပြင်ဆင်ထား၏။ ဟင်းပွဲများ၏ အလယ်တွင်လဲ အအီပြေအောင် အချဥ်သုတ်‌လေးကိုလဲ ချထားပေးသေးသည်။ အချိန်ကျလာပြီဆိုတာနဲ့ မနက်စာစားဖို့ အိမ်လေးထဲကနေ အိမ်ကြီးထဲကို ၀င်လာတဲ့ အန်ကယ်က ၀မ်၀မ်းကိုမြင်လျှင် တန်းပြီးနှုတ်ဆက်တော့၏။ အလုပ်သွားဖို့ပြင်ဆင်ပြီးမှပါ တစ်ခါတည်းဆင်းလာခဲ့တဲ့ သန့်ထက်နဲ့ သျှင်စက်ကပါ ထမင်း၀ိုင်းထဲသို့ ၀င်ထိုင်သည်။

မနေ့ညက ကိစ္စကြောင့် ၀မ်၀မ်းသည် သျှင်စက်ကိုမျက်နှာချင်းမဆိုင်ချင်ပါ။ ထို့ကြောင့် သူဆင်းလာတာကို သိပါသော်လည်း သူမသည် မြေကြီးပေါ်ခေါင်းငိုက်စိုက်ကျလို့ သူ့အကြည့်တို့ကို ရှောင်နေမိတော့သည်။ အကုန်လုံးထမင်းစားပွဲမှာ နေရာယူပြီးပြီဆိုကာမှ ၀မ်၀မ်းသည် ဟင်းချိုရည်အတွက် ပန်းကန်လုံးအသေးလေးတွေထဲ ခပ်ထည့်ကာ တစ်ဦးချင်းစီ၏ ဘေးတွင်လိုက်ချပေးရသည်။

သူ့ဘေးနားကို ဟင်းချိုရည်ပန်းကန်သွားချပေးချိန်တွင် ၀မ်၀မ်းကို စိုက်ကြည့်နေတဲ့ သူ့အကြည့်တို့ကို ၀မ်၀မ်းမှ လှည့်မကြည့်ရင်တောင် သတိထားမိပါသည်။ သို့သော်လဲ မမြင်သလိုပြုမူကာ ဟင်းချိုရည်ချပေးပြီးသည်နှင့် သူမ၏ကိုယ်ပိုင်နေရာဖြစ်သော သန့်ထက်ဘေးတွင် ၀င်ထိုင်လိုက်၏။ ထိုအခါ သန့်ထက်က သူမ၏ရှမ်းခေါက်ဆွဲပန်းကန်ကိုယူပြီး အစပ်အဟပ်တည့်အောင် မွှေပေးပါသည်။ ထိုအခါ ၀မ်၀မ်းမှ တန်ပြန်အဖြစ် သန့်ထက်စားဖို့ အချဥ်သုတ်ကို ပန်းကန်အသေးလေးထဲ ခွဲထည့်ပေးလိုက်သည်။

" ကျေးဇူးပါဗျာ"

" နောက်တောက်တောက်နဲ့"

သူမကိုနောက်ပြောင်ပြောင်နဲ့ လာပြောနေသော သန့်ထက်ကို ၀မ်၀မ်းမှရယ်သံလေးနှော၍ မာန်လိုက်၏။ ထိုအခါ သန့်ထက်၏လက်က သူမနဖူးပေါ်သို့ ရောက်လို့လာကာ

You've reached the end of published parts.

⏰ Last updated: Jul 07 ⏰

Add this story to your Library to get notified about new parts!

သျှင်စက်ထည်ဝါWhere stories live. Discover now