ခြံကြီးက ကျယ်၀န်းလှတာကြောင့် အိမ်၀င်းထဲကနေပင် လှမ်းကြည့်လိုက်လျှင်တောင် အိမ်ခြံတံခါး၀ကို သေးသေးလေးသာ မြင်ရသည်။ ညနေနေစောင်းချိန်မလို့ ခြံထဲတွင် သစ်ပင် ပန်းပင်တို့ကို ဖိုးတုတ်တို့က ရေလောင်းပေါင်းသင်နေကြ၏။ အိတူနှင့် တခြားကောင်မလေးတေွကတော့ အန်ကယ်နေသည်ဟုဆိုသော အိမ်လေးထက် ၀င်လိုက်ထွက်လိုက်နဲ့ အလုပ်တွေရှုပ်နေကြတော့သည်။ ၀မ်၀မ်းသည်လဲ အပေါက်၀က လှေကားထက်တွင် ခြေဆန့်ကာ ထိုင်နေမိသည်။ ညနေသူပြန်လာလျှင် အမြဲလာကြိုရမယ်လို့ တစ်ချက်လွတ်အမိန့်ထုတ်ထားတဲ့ သျှင်စက်ထည်၀ါဆိုသော သူကြောင့် ၀မ်၀မ်းမှာ အခုလို အပေါက်၀မှာ လာထိုင်စောင့်နေရခြင်းဖြစ်သည်။ သူမစောင့်မျှော်နေတုန်းမှာဘဲ Audi A6 နက်ပြာရောင် ကားလေးဟာ တရွေ့ရွေ့နဲ့ ခြံထဲသို့ တစ်လိမ့်ခြင်းလိမ့်လာပါတော့သည်။ သျှင်စက်၏ ကားမှန်းသိသည်နှင့် ၀မ်၀မ်းသည် ထိုင်နေရာမှထကာ ချက်ချင်းကားရပ်မည့်နေရာထိ ဆင်း၍စောင့်လိုက်ပါသည်။ သျှင်စက်သည် ဘယ်တော့မှ ကားစင်၀င်အောက်မှာ ကားရပ်လေ့မရှိပါ။ သူကကားကို အပြင်နေပူထဲတွင်သာ ရပ်တတ်ပြီး အိမ်ကအလုပ်သမားတွေက ထိုအပြင်ထိ ထီးမိုးကာသွားကြိုပေးရပြီး ကားကိုဂိုဒေါင်ထဲ သိမ်းပေးကြရသည်။
သူမှကားပေါ်ကဆင်းလာသည်နှင့် ၀မ်၀မ်းသည်လက်တွင် အသင့်ဆောင်ထားသော ထီးကိုဖွင့်ပြီး သူ့အပေါ်သို့ မိုးပေးလိုက်တော့သည်။ ထိုအခါ သူ့ရဲ့အင်မတန်မှ ရှည်လှသော အရပ်ကြီးကြောင့် ထီးမိုးပေးဖို့မဖြစ်နိုင်ရာ ၀မ်၀မ်းမှ ခြေထောက်ထောက်ထားရင်းမှ အရှေ့သို့ ယိုင်ပြီးခြေချော်တော့၏။ ထိုအခါ သူမရှေ့တွင်ရပ်နေသော သျှင်စက်သည် သူမလက်မောင်းကနေ ပြန်ဆွဲ၍ ထိန်းပေးထားလေသည်။
" အရပ်ကပုတုတုနဲ့ ရှပ်ပြာရှပ်ပြာနိုင်လွန်းတယ်"
သူမကို သေချာပြန်ထူပေးပြီး သူမလက်ထဲက ထီးကိုယူ၍ အိမ်ထဲသို့ ကျော့နေအောင် ၀င်သွားသောသူ့ကြောင့် ၀မ်၀မ်းသည် ခြံကြီးရဲ့အလယ် နေပူထဲမှာ ထီးထီးကြီး ကျန်နေခဲ့ရတော့သည်။ ဒီနေ့တော့ အလုပ်သမားတွေက သူ့မျက်စိရှေ့မှာ အလုပ်တွေလုပ်နေကြတာကြောင့် ကျေနပ်သွားသည့်ပုံပင်။ ဘာမှတောင်မပြောတော့ဘဲ တစ်ချက်သာေ၀့ကြည့်သွား၏။
YOU ARE READING
သျှင်စက်ထည်ဝါ
Fantasyအစ်မရဲ့ အရင် Facebook account လေး Log ကျနေတာမလို့ သိချင်တာရှိရင် Wattpad dm ကိုဘဲ လာခဲ့ပေးကြပါရှင့်🤍