အပူချိန် ၄၅ ဒီဂရီရှိနေတဲ့ ရန်ကုန်နွေရာသီကြီးမှာ အဲယားကွန်းပါတဲ့ ကားစီးတာတောင် ကားပြတင်းပေါက်မှန်တို့က အပူငွေ့ရိုက်ကာ ပူကြပ်နေလေသည်။ 5 နာရီ၀န်းကျင် ညနေဘက်ခင်းဖြစ်တာမလို့ အလုပ်ဆင်း အလုပ်သွား အလုပ်ပြန်တဲ့သူတွေနဲ့ ပြည့်ကြပ်နေလှသဖြင့် တိုးပေါက်မရှိဘဲ လူတွေပြည့်ကြပ်နေကြသည့် ဘက်စ်ကားများသည်လဲ လမ်းမတန်းပေါ်တွင် မြောက်များစွာ။ သူမသည် UK မှာ နှစ်ပေါင်း 10နှစ်ကျော်ကြာအောင် နေလာခဲ့သူမလို့ အခုလိုသူမအတွက် မြန်မာပြည်ပြန်လာရတော့ မြင်သမျှအရာအားလုံးက အမှတ်တရတွေအလား။ အချိန်ပြည့်နီးပါး မိုးရွာတတ်သော UK လိုရာသီဥတုမှာ နေလာခဲ့သူမလို့ အခုလို ပူပြင်းလှတဲ့နွေရာသီမှာတောင် လမ်းပေါ်ပြေးဆော့ေနနိုင်တဲ့သူတွေကို သူမမှ ထူးထူးဆန်းဆန်းပင် လိုက်ကြည့်နေမိတော့သည်။ထိုစဉ်တွင် သူမရဲ့အိတ်ထဲကနေ တဒူဒူမြည်လာသော စာ၀င်သံကြောင့် ထုတ်ကြည့်လိုက်ရာ သူမ၏ အဒေါ်ဖြစ်သူထံမှ စာဖြစ်နေလေသည်။' သမီးလေး ရောက်ပြီလား'
' ဟုတ်မေလေး ၀မ်းခုဘဲလေယာဥ်ကဆင်းလို့ အခု၀မ်းတက်စီကားပေါ်မှာ'
' ရာသီဥတုပူတယ်မလား ရန်ကုန်ကအခုအရမ်းပူတယ် သမီး အပြင်တွေလျှောက်မသွားနဲ့ဦးနော် ကိုယ်ကအခုမှ နေရာသစ်လူသစ် ရာသီဥတုသစ်တွေနဲ့ တစ်ခုခုဖြစ်ရင် မလွယ်ဘူး'
' မေလေးကလဲ ၀မ်းကရန်ကုန်မှာမွေးလာပြီး ရန်ကုန်မှာကြီးပြင်းလာခဲ့ဖူးတဲ့သူပါနော်'
' အို ရန်ကုန်မှာ 10 နှစ်ဘဲနေလာပြီး UK မှာ 10 နှစ်ကျော်တောင်နေခဲ့တဲ့သူလေ အခုသမီးက UK ကလူလို့တောင် ပြောလို့ရနေပြီ'
ဖုန်းထဲကနေပင် လှမ်းပြီးစိတ်ပူနေသော သူမ၏ အဒေါ်ဖြစ်သူကြောင့် မေ၀မ်းစုသွင်မှ ပြုံးမိလိုက်သည်။
' အဲ့ဘက်အိမ်မှာ လိမ်လိမ်မာမာနေနော်သမီး သူတို့ကကိုယ့်ရဲ့ ကျေးဇူးရှင်တွေ တစ်ခုခုဆိုလဲသည်းခံ ကိုယ်ကတစ်သက်လုံး အဲ့မှာနေသွားရမှာ သူတို့ကဘဲ တစ်ခုခုဆိုကူညီပေးနိုင် ဂရုစိုက်ပေးနိုင်မှာ မေလေးရဲ့အလုပ်က ငါ့သမီးသိတဲ့အတိုင်းဘဲ လွတ်ထားခဲ့လို့မရဘူး'
![](https://img.wattpad.com/cover/369840093-288-k821516.jpg)
YOU ARE READING
သျှင်စက်ထည်ဝါ
Fantasyအစ်မရဲ့ အရင် Facebook account လေး Log ကျနေတာမလို့ သိချင်တာရှိရင် Wattpad dm ကိုဘဲ လာခဲ့ပေးကြပါရှင့်🤍