...........
အပိုင်း(၂)
ဒီနေ့ ရိုက်ကူးရေးမှာ အကိုက မူးလဲသွားခဲ့တယ်။ကျတော် စိတ်ပူမိတယ် အကို။အကိုသာ မရှိရင် ကျတော့်ဘဝရဲ့ အဓိပ္ပာယ် ဆိုတာတွေလည်း ရှိတော့မှာ မဟုတ်ဘူးလေ။
နောက်တော့ အကိုက ဆေးခန်းပြရတယ်။အဖျားလည်း နည်းနည်းရှိတယ်။အားလည်းနည်းနေတယ်ဆိုပဲ။ကြည့်ပါအုံး
ဆေးရုံကုတင်ပေါ်မှာ လဲလှောင်းနေတဲ့ကြားကတောင် အကို့မျက်နှာလေးက ချစ်စရာ ကိုက်စားချင်စရာလေး။"ညဘက်တွေ အိပ်ပျော်အောင် အိပ်ပါ ရှောင်းကျန့်"
ဆရာဝန်က ကျတော့်ရှေ့မှာပဲ အကို့ကို မှာတယ်။နောက်တော့ အကို အိမ်မှာပဲ အနားယူဖို့ ဆေးရုံကဆင်းလို့ရပြီလို့ ဆရာဝန်ကပြောလိုက်တယ်။
ကျတော် အကို့ခါးလေးကို ဖက်ပြီး ကားပေါ်ကို ခေါ်ထုတ်လာခဲ့တယ်။ထင်မထားလောက်အောင်ကို အကို့ ခန္ဓာကိုယ်လေးကပေါ့ပါးေနပြီး အကို့ခါးလေးက ပိန်သွယ်လွန်းလှတယ်။
အကို့ကို ကားပေါ်အရင်တင်ပြီး
"ဝမ်လိုက်ပို့မယ်နော် ဝမ့်ကလေးလေး"
အကိုက မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။အကို့ပုံစံက လာမယ့်ဘေးပြေးတွေ့လိုက်မယ်ဆိုတဲ့ ပုံစံလေးနှင့် ။
မဟုတ်တာပဲ အကို၊ ကျတော်က အကို့ကို ပြုစုမလို့ပါ။ကားပေါ်ကနေ
အကို့တိုက်ခန်းပေါ်ထိ အကို့ကိုပွေ့ချီလာခဲ့လိုက်တယ်။"ဝမ့်ကလေးလေး ဒီည စောစောအိပ်ရမယ်နော်"
"အင်း"
"အရင်ညတွေက ဘာလုပ်နေလို့ ဒီလိုအားပြတ်ရတဲ့ အထိ ဖျားသွားရတာလည်း ဝမ့်ကလေးလေးရဲ့ ဟင်"
အကိုက မျက်လုံးကို ရုတ်တရက်ဖွင့်ပြီး ကျတော့်ကို ကြည့်တယ်။
"မင်းပဲလေ တဏှာရူးကောင်ရဲ့ ငါ့ကို တညလေးတောင် အနားပေးလို့လား?"
အို ဟုတ်သား.....။
ကျတော် ပြုံးတုံ့တုံ့နဲ့ ရယ်လိုက်မိတယ်။"ဒီညတော့ အိပ်ရေးဝအောင် အိပ်နော်
ဝမ့်ကလေးလေး""အင်း"
အကိုက အဲ့ဒီလိုလေး။သူလည် လိုချင်ပေမယ့် ကျတော့်ကိုဆို ဆိုးလိုက်ရမှ ကျေနပ်သည်။"ဝမ့်ကလေးလေး"
"ဟင်"
"ဝမ် ချစ်တယ်နော်"
ကျတော့် လက်ကလေးကို ကိုင်ပြီး အကိုက ကျတော့်ကို ကျောခိုင်းပြီး အိပ်နေတယ်။အကို့နောက်ကျောလေးကို ကျတော် ဖက်ထားလိုက်တယ်။
အကိုပြုံးနေမယ်ဆိုတာ ကျတော်သိတယ်။
အိပ်ပျော်အောင်အိပ်ပါနော် အကို
YOU ARE READING
ကျွန်တော် ရူးနေပါပြီ 🔞Fanfic(Complete)
Fanfictionအသက်ကွာဟတဲ့ နာမည်ကြီး မင်းသားနှစ်ယောက်၏ တိတ်တခိုး အချစ်ဇာတ်လမ်းလေးအကြောင်း ပါ။အသက်(၁၈)နှစ်မပြည့်ရင် မဖတ်ရ။