part(04)

967 12 0
                                    

အပိုင်း(၄)
အကိုနှင့် အတူတူစီးရီး မရိုက်ခင်တုန်းက အစီးအစဉ် နှစ်ခုလောက်မှာ ဆုံခဲ့ဖူးပေမယ့် အကို့မျက်နှာလေးက ချစ်စရာ လေးဆိုတာလောက်ကလွဲပြီး ကျတော့် ခံစားချက်တွေကို ကျတော် သိပ်ပြီး မရိပ်မိခဲ့ဘူး ။အကိုနှင့် ဇာတ်ညွှန်းဖတ်တဲ့ နေ့မှာ ထပ်တွေ့ရတော့ ကြည့်လေ၊ကြည့်လေ အကို့မျက်နှာလေးတွေ၊အကို့အမူအရာလေးတွေက ချစ်စရာကောင်းလေလေပါပဲ။ ကျတော် ခဏ၊ခဏ ခိုးကြည့်နေမိတယ် အကို၊ဒါကို ရိပ်မိတဲ့ အကိုက ကျတော်ခိုးကြည့်တာ၊ခိုးငေးတာမျိုးကို သဘောကျခဲ့ပုံပါပဲ။
ပထမဦးဆုံး ရိုက်ကူးရေးနေ့မှာပဲ ရိုက်ကူးရေးပြီးသွားတဲ့အခါ ကျတော်က အကို့ကို ကျတော့်ကားပေါ်ဆွဲတင်ခဲ့တယ်။

"အကိုရှောင်းကျန့် ကျတော်တို့ တခွက်လောက်သွားသောက်ကြမလား?"

"အင်းလေ ကောင်းသားပဲ"

တခွက်ပြီး တခွက် သောက်ရင်းနှင့် အကိုက မူးလာရင် စကားများတတ်တဲ့ ပုံစံလေးမှန်းသိခဲ့ရတယ်။ပြီးတော့ အရမ်းမူးသွားရင် စကားမေးမရလောက်အောင်ပဲ ဆိုတာကိုပါ ထပ်ပြီး သိခဲ့ရတယ်။
အဲ့ဒီညက အကိုအရမ်းမူးနေလို့ ကျတော့်အခန်းကို ခေါ်သွားခဲ့မိတယ်။
အကိုက အရမ်းမူးပြီး အန်ချပစ်လိုက်တာနှင့် ကျတော်လည်း အကို့ကို အဝတ်လဲပေးခဲ့မိတယ်။အကို့ရဲ့ သိမ်းဆည်းထားခဲ့တဲ့ ရတနာလေးတွေကို စပြီး မြင်ဖူးခဲ့ရတဲ့ နေ့လေးတနေ့ပါပဲ။

မနက်ခင်းမိုးလင်းလာတော့ အကိုက အိပ်မှုန်စုန်ဖွားနဲ့ ထလာပြီး

"ငါဘယ်နေရာကို ရောက်နေတာလဲ"တဲ့လေ

ကျတော့်ကိုမြင်တော့

"ဝမ်ရိဘို ငါ့အဝတ်အစားတွေ ဘယ်မှာလဲ?"

"အကိုမူးနေလို့ ကျတော်ချွတ်ပြီးလဲပေးထားတာ ဒီမှာ ကြည့်"

ဖုန်းနှင့်ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကိုဖွင့်ပြလိုက်တော့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ အကိုက လန့်သွားပုံရပါတယ်။မီဒီယာတွေဆီ၊သတင်းထောက်တွေဆီ၊အွန်လိုင်း တနေရာရာမှာ ပျံ့သွားရင်ဆိုတဲ့ အတွေးတွေကို တွေးနေလောက်မှာပေါ့
ကျတော်ကလည်း ဒါကိုပဲ လိုချင်ခဲ့တာလေ။

ကျွန်တော် ရူးနေပါပြီ 🔞Fanfic(Complete)Where stories live. Discover now