part(08)

1.3K 15 0
                                    

အပိုင်း(၈)ဇာတ်သိမ်း

အခန်းတံခါးကို တွန်းဖွင့်လိုက်တော့
အခန်းထဲမှာ မတ်တပ်ရက်နေသည့် အကို့ကို တွေ့လိုက်ရသည်။
ကျတော်ပျော်လိုက်တာ အကိုရယ်

"ဟင် အကိုရှောင်းကျန့်"

အကို့မျက်နှာလေးက မှုန်ရီဝေကာ မှိုင်းနေလေသည်။

"ငါ မင်းအခန်းသော့ လာပြန်ပေးတာ"

"တကယ်ပဲလား ? အကို ရှောင်းကျန့် ဒီကိစ္စတခုတည်း အတွက်ပဲလာတာလား?"

အကိုက ကျတော့်ကို မျက်နှာလွှဲလိုက်တယ်။
ကျတော်အကို့ မျက်နှာကို ကျတော့်ဘက် ဆွဲလှည့်လိုက်ပြီး

"ကျတော့်ကို သေချာကြည့်ပြီးဖြေ"

အကိုက ဒူးတွေညွှတ်ကျသွားတယ်။ကျတော်က သူ့လက်နှစ်ဖက်ကို ဖမ်းဆုပ်ကိုင်ထားတဲ့ ကြားက အကို့ခေါင်းလေး ငုံ့သွားတယ်။အကိုငိုနေတဲ့ ပုံစံလေးကအစ ချစ်စရာကောင်းနေအောင်
ဘယ်နတ်ဘုရားဆီမှာ ဆုတောင်းခဲ့တာလဲ အကို

"ငါ ငါ မနေ့က ထွက်မပြေးခဲ့ဘူးလေ
ဝမ်ရီဘို။ပြီးတော့ ပြီးတော့ ငါ သူ သူနဲ့ မအိပ်ခဲ့မိပါဘူး အဟင့် အဟင့်"

အို အကို ခံစားရအောင် ကျတော်လုပ်မိပြီပဲ။အကို့ကို ဒီလို ခံစားရအောင် လုပ်ဖို့ ကျတော်မရည်ရွယ်ခဲ့ပါဘူး အကို။
ကျတော်က က‌ျတော်က အကို နောက်ထပ် လူစိမ်းယောက်ျားတွေနဲ့ အတူတူ မမူးရဲလောက်ရုံပဲ လုပ်မိတာပါ။

"မငိုပါနဲ့ နော်
ကျတော် အခုလေးတင် အဲ့ဒီလူဆီကပြန်လာတာ ။သူ အကို့ကို ဘာမှ မလုပ်ခဲ့ပါဘူးတဲ့လေ
ပြီးတော့ ကျတော်က အကိုနဲ့ အတူနေနေကျယောက်ျားတယောက်ပဲ ကျတော်သိတာပေါ့ အကို ကျတော်ကလွဲပြီးဘယ်သူနဲ့ မှ မနေဖူးဘူး ဆိုတာ"

ပြောလည်းပြောပြီး ကျတော်အကို့ကို ထွေးပွေ့ထားမိတယ်။ဒါနဲ့တောင် အကိုက ငိုနေတုန်းပဲဗျာ။ဘယ်မှာလဲ? ရင့်ကျက်ခန့်ညားတဲ့ ရှောင်းကျန့် ဆိုတဲ့လူ။

"တော်ပါသေးတယ်"

လို့ အကိုက တိုးတိုးလေး ညည်းနေသေးတယ်။ကျတော်အကို့ကို နမ်းလိုက်တယ်။မနေ့ညက ကတည်းက တချိန်လုံး ကျတော်ဘယ်လောက်တောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခဲ့ရသလဲ? အကိုသိမှာ မဟုတ်ပါဘူး။

ကျွန်တော် ရူးနေပါပြီ 🔞Fanfic(Complete)Where stories live. Discover now