part(06)

871 12 0
                                    

အပိုင်း(၆)
ဒီလိုနဲ့ ကျတော်နှင့် အကို အတူတူရိုက်ကြတဲ့ ရိုက်ကူးရေးက ပြီးသွားခဲ့ပြီ။
အကိုက တခြား ရိုက်ကူးရေးတခုမှာ
၊ကျတော်ကလည်း တခြား ရိုက်ကူးရေးတခုမှာ ဆိုပေမယ့် ညတိုင်းလိုလို အကို့အခန်းဆီ ကျတော်ကသွားလိုက်၊ကျတော့် အခန်းဆီ အကို့ကို ခေါ်လိုက် လုပ်ကာ ကျတော်တို့ ဆုံဖြစ်နေတုန်းပဲ။
အနုပညာလောကကို ရောက်လာပြီဆိုကတည်းက ကျတော်ပတ်သက်ခဲ့တဲ့ သူဆိုလို့ အကိုတယောက်တည်းပဲ ရှိခဲ့သလို ၊အနုပညာလောကထဲကို ရောက်တာ အရမ်းကြာနေပြီဖြစ်ပေမယ့် အကိုက ဘယ်သူနှင့်မှ မတွဲဖူးပါပဲ အလုပ်နဲ့ပဲ ချစ်သူဖြစ်ခဲ့တာပါ။သေချာအောင်ပြောရရင် အကိုက အလုပ်စွဲနေတဲ့ သူတယောက်ပဲ။ဒါပေမယ့် အတင်းအကြပ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပါ အခုအကိုက ကျတော်နဲ့ပဲ ပထမဦးဆုံး အနေနဲ့ အိပ်ခဲ့ဖူးတာပဲ ဆိုတာကို အကိုဘယ်တုန်းကမှ မပြောဖူးပေမယ့် အကိုသိနေခဲ့တယ်။

ကျတော့်ရိုက်ကူးရေးက နယ်ဘက်ကို သွားပြီး ရိုက်ကူးဖို့ လိုအပ်လာခဲ့တယ်။"

အကို့ကို အရမ်းသတိနေတော့မှာပဲ
အကိုရော....
ကျတော့်ကို သတိရနေမှာလား ဟင်?"

"သတိရရင် ငါ့ဆီဖုန်းဆက်ပေါ့"

တဲ့လေ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ လူပျိုကြီးလဲ နော်။

ဒီလိုနဲ့ ကျတော်က အကို့ကို မနက်တခါ၊နေ့လယ်တခါ၊ညအိပ်ရာဝင်တခါ ဖုန်းဆက်လေ့ရှိလာတယ်။

"ဝမ်ရိဘို ငါ့ကို အစောကြီး နှိုးစရာမလိုပါဘူးဆို"

"ဟင့်အင်း ကျတော် အိပ်ရာ က နိုးနိုးချင်း အကို့ကို သတိရလို့ ဆက်လိုက်တာ"

"အေးအေး အေးပါ မင်းလည်း ထတော့လေ ငါလည်း ရိုက်ကူးရေးကို စောစောသွားရမှာ"

သတိရတယ်လို့ တခွန်းမှ မပြောပေမယ့် အကို ကျတော့်ကို လွမ်းနေလောက်မှာပါနော်။

ကျတော်ရိုက်ကူးရေးပြီးခါနီး ညမှာပဲ အကို့ကို ဝမ်းသာအားရနဲ့ ဖုန်းဆက်ပြီး ပြောမလို့ပဲ ၊ကျတော်ဖုန်း ခေါ်တော့ လာကိုင်တဲ့ သူက အကို မဟုတ်ဘူး။
တခြားယောက်ျားတယောက်ရဲ့ အသံဖြစ်နေတယ်။

"ဒါ ရှောင်းကျန့်ရဲ့ ဖုန်းမဟုတ်လား?"

"ဟုတ်တယ်လေ "

"သူရော"

"သူလား ငါ့နံဘေးမှာ အိပ်နေတယ်"

"ဖုန်းပေးလိုက်"

"သူအိပ်ပျော်နေတယ် မနက်မှ ဆက်လိုက်တော့ "

ဆိုပြီး ဖုန်းချသွားတယ်။
အိပ်ရာဝင်ချိန်ကြီးလေဗျာ။
အကို့မျက်နှာလေးတွေ၊အကို့ ခန္ဓာကိုယ်လေးတွေကို ဘယ်သူကများ ထိတွေ့နေမလဲ? အတွေးတွေနဲ့ တင်ရူးလောက်တာမို့ ကျတော် မခံစားနိုင်ခဲ့ဘူး။တညလုံး ဖုန်းခေါ်‌ေနမိခဲ့တယ်။

အကို ဘာတွေလုပ်နေတာလဲ?
အကို ဘာတွေဖြစ်နေတာလဲ? ဗျာ။
ကျတော်သာ ပေါက်ကွဲတတ်တဲ့ အရာဆိုရင် အဲ့ဒီညက ပေါက်ကွဲ ခဲ့ရောပေါ့ အကိုရယ်။

ကျွန်တော် ရူးနေပါပြီ 🔞Fanfic(Complete)Where stories live. Discover now