Chapter - 5

650 99 41
                                    

Broken Promises (귭빈)

Chapter - 5

[This story contains rude words and mature content.If you are underage don't read this story ]

[Omegaverse ဖြစ်တဲ့အတွက် ဖတ်လေ့ဖတ်ထမရှိတဲ့သူတွေ ၊ Character Sensitive ဖြစ်တတ်တဲ့သူတွေအတွက် ကြိုသတိပေးတဲ့ note ပါ ~ author စိတ်ပေါ်မူတည်ပြီး M.Preg ပါချင်လည်းပါပါမယ် မပါချင်လည်း မပါပါဘူး ]

⋆˙⟡♡

"နေပါစေမမရယ် မရှင်းပြချင်တော့ပါဘူး ကျွန်တော် ဂယူဘင်းရဲ့လောင်းရိပ်အောက်ကနေရုန်းထွက်တော့မှာ "

"ဖြစ်နိုင်တာလဲ မဟုတ်ပဲငယ်လေးရယ် "

လေလှိုင်းထဲကနေ တိုးတီးစွာထွက်လာတဲ့ မမရဲ့ လေသံ။ ဟန်ဘင်းကတော့ ဖုန်းကို နားဘေးမှာကပ်ပြီးနည်းနည်းလေးပြုံးမိပါ၏။ သူ့အကြောင်းကို မမကဘာလို့နောကြေအောင်သိနေတာပါလိမ့်။

"မမကဗျာ ကိုယ့်မောင်လေးကို ကိုယ်မယုံတာပဲ ကျွန်တော် ဂယူဘင်းကိုစိတ်ပြတ်နိုင်တဲ့တနေ့ကျရုန်းထွက်မှာပါ "

"လောလောဆယ်တော့ ငယ်လေးကိုယ်တိုင်ကပဲ သူ့လောင်းရိပ်ထဲကိုယ့်ခြေထောက်နဲ့ကိုယ် တိုးဝင်နေတယ်မဟုတ်လား...နာကျင်စရာဖြစ်နေရင် လွှတ်ချလိုက်ရတယ် ငယ်လေးမမကိုပဲ ကြည့်စမ်းပါကွယ် "

စကားတွေအရှည်ကြီးပြောပြီး တဖက်ကမမဟာ မောသွားသယောင်အသက်ကိုရှိုက်ယူပုံရတယ်။ မမရဲ့ ပြင်းထန်တဲ့ အသက်ရှုသံတွေဟာ လေလှိုင်းကိုဖြတ်ပြီး သူ့အကြားအာရုံထိရိုက်ခတ်စေသည်။ ဟန်ဘင်းစိတ်ထဲမကောင်း။ ဘာလို့ မမလိုလူကိုမှ ဒီလိုရောဂါဆိုးကြီးဖြစ်လာစေသလဲ သူနားမလည်နိုင်ခဲ့တာ ကလေးဘဝထဲကပဲလေ။

"မမ ကျွန်တော့်ကိုထက် မမကိုယ်မမဂရုစိုက်ပါ...မေမေတို့ ဖေဖေတို့က..."

"တော်ပါ ငယ်လေးရယ် မမက အရာရာကို စိတ်နာတယ် လောကမှာမမကို ငဲ့ကြည့်ပေးတာ ငယ်လေးပဲရှိတယ် နောက်ပြီး...သားသားလေးရောပဲ "

မထင်ထားစရာပေမယ့် ဆောင်းအိမ်တော်ရဲ့အတွင်းရေးဟာ ချစားနေသလိုမျိုး အတွင်းထဲမှာပျက်စီးနေခဲ့ပြီ။ ဖေဖေက လောဘနဲ့ မောဟသမား။ အရာရာကို ငွေ ၊ ငွေ ဖြင့်။ ငွေနဲ့ပက်သက်ရင် မိသားစုလည်း မသိသလို သားသမီးအရင်းကိုလည်း မျက်နှာလွှဲခဲပြစ်လုပ်နိုင်တယ်။

𝘽𝙧𝙤𝙠𝙚𝙣 𝙋𝙧𝙤𝙢𝙞𝙨𝙚𝙨 (귭빈) Where stories live. Discover now